fbpx

ရခိုင်အရေး စေ့စပ်ညှိနှိုင်းသူ ဂျပန်ကိုယ်စားလှယ်မြန်မာနိုင်ငံသို့ရောက်ရှိ

By MPA
ရခိုင်ပြည်နယ်တွင် တိုက်ပွဲအနည်းငယ် ပြန်လည် ဖြစ်ပွားပြီးနောက် မြန်မာ နိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာယိုဟေး ဆာဆာကာဝါသည် နိုဝင်ဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိနေကြောင်း သိရသည်။
 
”သူ ရန်ကုန် ရောက်နေပါတယ်။ ရခိုင်သို့ ဘယ်နေ့သွားမယ်ဆိုတာတော့ အတိအကျပြောလို့မရသေးပါဘူး။”ဟု အေအေနှင့်စစ်ကောင်စီကြား ကြား ခံညှိုနှိုင်းပေးနေသူတစ်ဦးက ပြောသည်။
”ရခိုင်ကိုလာမယ်။အေအေနဲ့စစ်တပ်ကိစ္စကိုဆွေးနွေးမယ်လို့သိရပါတယ်။” ဟု ၄င်းက ဆက်လက်ဆိုသည်။
 
ထိုအထူးကိုယ်စားလှယ်မှာရခိုင်ပြည် နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများလျော့ကျရန် အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးနေသူ လည်း ဖြစ်သည်။
 
ထိုအထူးကိုယ်စားလှယ်၏ ရခိုင်ခရီးစဉ်မှာ စစ်တွေမြို့၊ကျောက်တော်နှင့် ဘူးသီးတောင်မြို့သို့ သွားရောက်လေ့လာမည်ဖြစ်သည်။
 
၄င်းသည် နိုဝင်ဘာ ၁၃ ရက် ယနေ့တွင် နေပြည်တော်သို့ သွားရောက်ပြီး အကြမ်းဖက်စစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံမည်ဖြစ်သည်။
 
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ရေနောက်ငါးသားကျေးရွာအနီး တောင်တန်း တစ်ခုတွင် နိုဝင်ဘာလ ၉ ရက်နေ့လယ်ပိုင်းက အကြမ်းဖက်စစ်တပ်နှင့် စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲအနည်းငယ် ပြန်လည်ဖြစ်ပွားခဲ့သည်။
 
ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းမှစတင်ကာ မောင်တောမြောက်ပိုင်းအထိ အကြမ်းဖက်စစ်တပ်က စစ်အင်အား တိုးချဲ့ချထားမှုများရှိနေပြီး နိုဝင်ဘာလ ၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးတွင် ရက္ခိုင့်တပ်တော်၏ အခြေစိုက်စခန်းတစ်ခုလည်း ရှိနေသည်။
 
အဆိုပါအထူးကိုယ်စားလှယ်မှာ ၂၀၂၀ နိုဝင်ဘာလကလည်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ရခိုင်အမျိုးသားပါတီ (ANP)မှ တာဝန်ရှိသူများနှင့် နိုဝင်ဘာ လ ၂၈ ရက်နေ့လည် ၂ နာရီအချိန်ကစစ်တွေမြို့ရှိ စစ်တွေဟိုတယ်တွင် တွေ့ ဆုံဆွေးနွေးခဲ့ကြဖူးသည်။
 
#ယိုဟေးဆာဆာကာဝ#ရခိုင်အရေး #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: