fbpx

ချောင်းဆင်း PDF စခန်းကို သတင်းပေးခဲ့သူကို မြောင်အမျိုးသမီးပြောက်ကျားတပ်က သတိပေး

By MPA
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချောင်းဆင်းရွာရှိပြည်သူ့ကာကွယ်ရေးစခန်းကို အကြမ်းဖက်စစ်တပ်ထံ သတင်းပေးခဲ့သည့် စစ်တပ်သတင်းပေး(ဒလန်) ဟု သတ်မှတ်ခံရသူ တင့်ဆွေကို မြောင် အမျိုးသမီး ပြောက်ကျားတပ်က နိုဝင်ဘာလ၁၅ရက်နေ့တွင်သတိပေးမှုများပြုလုပ်ခဲ့သည်။
“ဒလန်တွေ အပြင် ပျူတွေ စကစထောက်တိုင်တွေ စကစအားပေးအားမြောက်ပြုနေတဲ့ ဘယ်လိုနယ်ပယ် အသီးသီးကပဲ ဖြစ်နေပါစေ ဒီကနေ့ သတိပေးခဲ့တယ်။ ဒီနောက် ရှေ့ဆက်တိုးလာမယ်ဆိုရင်တော့ သက်ညှာသွားမယ် မဟုတ်ပါဘူး။ မရဏမင်း ထံအပ်နှင်းဖို့ ဝန်မလေးတော့ဘူး။ သွေးကြွေးမှာ ဆွေးနွေးစရာမလိုပါဘူး”ဟု မြောင်အမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူကဆိုသည်။
ချောင်းဆင်းရွာသူ ရွာသားများသည်စစ်တပ်သတင်းပေး တင့်ဆွေလက်ချက်ကြောင့် အိုးပစ်အိမ်ပစ် ပြေး လွှားရင်း နေကြရခြင်းကြောင့် ဒလန်သတင်းပေးနေအိမ်ကို ဖျက်ဆီးကာ သတိပေးခဲ့ခြင်း ဖြစ်ကြောင်း မြောင်အမျိုးသမီး ပြောက်ကျားတပ်ထံမှ သိရသည်။
“သတင်းပေးတာတွေ၊ ရွာထဲမှာတစ်ခုခုဆိုရင် ဓါးတဝင်းဝင်း လုပ်တာတွေရှိတာပေါ့။ ဒီနေ့ကျမတို့သွားတော့ သူမရှိတော့ဘူး”သွားရောက်သတိပေးမှုပြုလုပ်ခဲ့ရာတွင် ပါဝင်ခဲ့သူတစ်ဦးကဆိုသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက အဆိုပါဒလန် သတင်းပေးမှုကြောင့် ချောင်းဆင်း ပြည်သူ့ကာကွယ်ရေးစခန်းသည် အကြမ်းဖက်စစ်တပ်၏ ဝင်ရောက်စီးနင်း ဖျက်ဆီးခြင်းခံခဲ့ရသည်။
စီးနင်းခံရစဉ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(၆)ဦး ဖမ်းဆီးခံခဲ့ရပြီးရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ရွာခံလူငယ် (၉) ဦး လည်း မတရားဖမ်းဆီးခံရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း မြောင်မြို့နယ်ရှိတော်လှန်ရေးအဖွဲ့တစ်ခုသည် ဒလန်တင့်ဆွေ၏ လက်ချက်ကြောင့် ဝင်ရောက်စီးနင်းခံခဲ့ရပြီး လက်နက်အချို့သိမ်းဆည်းခံခဲ့ရကြောင်းသိရသည်။
“ချောင်းဆင်း PDFက လေးလပိုင်းတည်းက ရှိနေခဲ့ပြီးပါပြီ။ အဲ့အဖွဲ့က သူကြောင့်ဝင်စီးနင်းတာခံခဲ့ရတာပေါ့”ဟု မြောင်အမျိုးသမီးအဖွဲ့က တာဝန်ရှိသူက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် အကြမ်းဖက်စစ်တပ်ကို အစောဆုံး လက်နက်ကိုင်တော်လှန်ခဲ့သည့် တိုင်းဒေသကြီး တစ်ခုလည်း ဖြစ်ပြီး လက်တလောတွင်လည်း အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများအနက်တစ်ခု အပါအဝင်ဖြစ်သည်။
ချောင်းဆင်းရွာ PDF အဖွဲ့ကို အစောပိုင်း ကာလများကတည်းက ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။
{ English Version }
Who Informed about Location of Chaungsin PDF Camp Warned by Myaung Women’s Guerilla Army
Tint Swe, informant of the military who informed the terrorist military about the location of Chaungsin PDF in Sagaing region’s Myaung township was warned by Myaung Women Guerilla Army on November 15.
“Plus to informants, Pyu(s), SAC’s supportive poles from any field were warned today. If any advancement would be made, we will not be kind. We’re no longer hesitant to hand them over to the king of death. There’s nothing to discuss in blood debt”, said an official from Myaung women group.
Because of Tint Swe’s informing, Chaungsin villagers have fled their homes and his house was destroyed as a warning, according to Myaung Women Guerilla army.
“He does informing and in some cases, he would swing around a knife. We were there today, but he wasn’t there anymore”, said one who involved in the warning process.
Last April, Chaungsin people’s defense force camp was raided by the terrorist military due to his informing.
During the raid, six members of the people’s defense force were arrested including 9 local youths and the entire village had to flee to safety.
Last September also, because of Tint Swe, a revolutionary group was raided and some weapons were seized.
“Chaungsin PDF has been there since the fourth month (April). They were raided because of him”, said an official from Myaung women group.
Sagaing region is the one that launched the earliest armed resistance against the terrorist military and it is currently one of the states with most intense clashes.
Chaungsin village PDF has been formed since early times.

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: