fbpx

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်တွင် နှစ်ရက်အတွင်း လူငယ် ၅ ဦးထက်မနည်းကို PDF ဟု စွတ်စွဲသတ်ဖြတ်

By MPA
ရန်ကုန်မြို့တွင် PDF ဟုဆိုကာ လူငယ်များကို အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းကို ပြလုပ်လျှက်ရှိပြီး နှစ်ရက်အတွင်း ၅ ဦးထက်မနည်း သတ်ဖြတ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်နှင့် လှိုင်မြို့နယ် လှိုင်မြင့်မိုရ် အိမ်ရာတို့တွင် လူငယ်အချို့ကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ၅ လွှာ တိုက်ခန်းတစ်ခုကို အကြမ်း ဖက် စစ်ကောင်စီတပ်များက နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၉ နာရီတွင် ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် ၁ ဦးကို ပစ်သတ်ကာ ၃ ဦးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ စစ်ကားတွေအများကြီးနဲ့ အိမ်တစ်အိမ်ကို ၀င်စီးတဲ့ပုံမျိုးပါ။ စ၀င်လာကတည်းက သေနတ်တွေဖောက်ပြီး ၀င်လာတယ်။ ပစ်ခတ်လိုက်လို့ လူငယ်တစ်ဦး သေတယ်။ မျက်နှာခေါင်းစွပ်ပြီး လူငယ် သုံးဦးကိုဖမ်းသွားတာ တွေ့လိုက်တယ်။ ရပ်ကွက်ထဲလူတွေချောင်းကြည့်ရင်လဲ မဆိုင်ရင်မကြည့်နဲ့ ဆိုပြီး ဆဲတယ်။ “ ဟုတ် ဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်၊ ကျော်သူ ၂၃ လမ်းထိပ်ရှိ တိုက်ခန်းတစ်ခုကို နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန် ဝင်ရောက်စီးနင်းပြီး လူငယ် ၅ ဦးကို ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။
” မိတာတော့မိသွားတယ်။ တိုက်ခန်းထဲရောက်ပြီး သိပ်မကြာဘူး လက်ထိပ်ခတ်ဖို့ပြောနေတာတွေကြားတယ်။ သေနတ်တွေနဲ့လဲထုထောင်းနေပြီး အော်သံတွေလဲကြားတယ်။ နောက်ဘေးလမ်းကြားနဲ့ နောက်ဖေး လှေခါးကိုဝင်ရှာပြီး သေနတ်မိတယ်လို့လဲအော်သံကြားတယ် ” ဟုအမည်မဖော်လိုသူတဦးက ပြောသည်။
အလားတူပင် နို၀င်ဘာ ၁၅ ရက်နေ့ညပိုင်းတွင် ရန်ကုန်မြို့လှိုင်မြို့နယ်ရှိ လှိုင်မြင့်မိုလ်အိမ်ရာရှိ တိုက်ခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီများက ၀င်ရောက်စီးနင်းရာ အဆိုပါတိုက်ခန်းတွင်နေထိုင်သည့် လူငယ် ၅ ဦးတွင် ၃ ဦးသေဆုံးပြီး ၂ ဦးကို ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုသူ မျက်မြင်တစ်ဦးကဆိုသည်။
ထို့ပြင် နို၀င်ဘာ ၁၅ ရက်နေ့၊ ရန်ကုန်၊ ထန်းတပင်မြို့နယ် တာဆုံရဲကင်းကို ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မရမ်းကုန်း ၁ ရပ်ကွက်နေ ကိုဇင်ကိုထက်နှင့်သူငယ်ချင်းများကို ထန်းတပင် ပစ်ခတ်သူများဟု စွပ်ဆွဲကာ အကြမ်းဖက် စစ်ကောင်စီက စွပ်စွဲကာ ဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။
ကိုဇင်ကိုထက်မှာ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးပြီး ၄င်းနှင့် အတူပါလာသည့် သူငယ်ချင်း ၃ ဦးမှာ ဖမ်းဆီးခံရပြီး ၄င်းတို့မှာ PDF တပ်ဖွဲ့များနှင့် သက်ဆိုင်မှုမရှိကြောင်းကို မိသားစု၀င်များနှင့် နီးစပ်သူများက အတည်ပြုထားသည်။
အကြမ်းဖက်စစ်တပ်၏ ရဲကင်းများကို PDF တပ်ဖွဲ့၀င်များက တိုက်ခိုက်မှုများပြုလုပ်ပြီးသည့်နောက် ယခုရက်ပိုင်းအတွင်း မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတမြို့နယ်များမှ လူငယ် ၂၀ နီးပါးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးတွင် ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းလျက်ရှိကြောင်း သိရှိရသည်။
Photo – MPA [ ပုံအဟောင်း ]

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: