Site icon Myanmar Pressphoto Agency

ထားဝယ်ချောင် အမှိုက်ပုံဘေး နေထိုင်သူများကို ငါးရက်အတွင်းဖယ်ရှားရန် သတိပေး

Advertisements
By MPA
ရန််ကုန်မြို့၏အကြီးဆုံးအမှိုက်ပုံကြီးတစ်ခုဖြစ်သည့်ထားဝယ်ချောင်အမှိုက်ပုံဘေးတွင်နေထိုင်လျက်ရှိ‌ေနေသောနေအိမ်များကို ငါးရက်အတွင်းဖယ်ရှားရှင်းလင်းကြရန် သတိပေးစာပို့ထားကြောင်း သိရသည်။
ရန်ကုန် မြို့မြောက်ဒဂုံနှင့်အရှေ့ဒဂုံ မြို့နယ်ရှိ အဆိုပါ ထားဝယ်ချောင် အမှိုက်ပုံတွင် နေထိုင်လျက်ရှိနေသော နေအိမ်များကို ယနေ့နိုဝင်ဘာလ၂၅ရက်နေ့မှစ ဒီဇင်ဘာလ၁ရက်နေ့ အတွင်းရွှေ့ပြောင်းကြရန် စည်ပင်သာယာရေးကော်မတီမှ သတိပေးစာပေးပို့ထားခြင်းဖြစ်သည်။
စာကိုဒီနေ့မှရတာပေါ့။ စာမှာတော့နိုဝင်ဘာလ ၁၁ ရက်နေ့တော့ ရေးထားတယ်။ ကျမတိို့ဆီ ဒီနေ့မှရောက်တာပါ။ ပြီးတော့ဘာလို့ ရွှေ့ခိုင်းတယ်ဆိုတာတော့မသိပါဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ သတိပေးစာတွင် ထားဝယ်ချောင် စွန့်ပစ်အမှိုက်ပုံဧရိယာအတွင်း နေထိုင်ခြင်းကို စစ်ဆေးတွေ့ရှိရသဖြင့် လူကြီးမင်းကျူုးကျော်အဆောက်ဦးကိုဒီဇင်ဘာလ၁ ရက်နေ့အပြီး ပြောင်းရွေ့ကြရန် ဖော်ပြထားသည်။
ဘုန်းကြီးကျောင်း၇ကျောင်းနှင့် သီလရှင်ကျောင်းတစ်ကျောင်းအပါအဝင်​ ထားဝယ် ချောင် အမှိုက်ပုံနံဘေးတွင် နေထိုင်လျက်ရှိနေသာ နေအိမ်ပေါင်း ၇၉အိမ်ရှိကြောင်း သိရသည်။
ယခုနေထိုင်သောနေရာမှာ ဒဂုံအရှေ့ပိုင်းမြို့နယ် ၁ ရပ်ကွက်အပိုင်းတွင် ပါဝင်ခဲ့သော်လည်း သတိပေးစာထဲတွင်မူ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၅၁ရပ်ကွက်တွင် ပါဝင် လာကြောင်း တွေ့ရှိရသည်။
”ကျမတို့အစကနေရတဲ့နေရာ ၁ ရပ်ကွက်ပေါ့။ အခုစာထဲမှာ ပါသွားတာကတော့ ၅၁ ရပ်ကွက်ဖြစ်လာတာပေါ့။ ဒါတွေကတော့ အရေးမကြီးပါဘူး။ အခုတော့ ဘယ်သွားရမှန်းမသိဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။
“လောလောဆယ်မှာ ညီမတို့က ဘာလုပ်ရမှန်းမသိသေးပါဘူး။ နယ်ကလာတဲ့သူတွေကတော့ နယ်ပြန်ပေါ့။ အလုပ်ရှိတဲ့သူတွေကတော့ အဆောင်တွေမှာနေကြတာပေါ့။ ဒါပဲရှိပါ့လေ” ဟု နေထိုင်သူတစ်ဦးက MPAသို့ ပြောသည်။
အကြမ်းဖက်စစ်တပ်ပြီးခဲ့သော လပိုင်းများအတွင်းက တည်းက ကျူးကျော်ဖျက်သိမ်းများ ဆက်တိုက်ပြုလုပ်လာပြီး ကျူးကျော်ကတ်ထုတ်ပေးသူများကိုပါ အတင်းအကြပ်ရွှေ့ပြောင်း မှုများရှိခဲ့သည်။
Exit mobile version