fbpx

စစ်ပွဲကြားမှာ နှစ်ကြိမ်တိုင် မီးဖွားရသည့် နော်ကော့ကေး

{ English Below }
By Kyaw Kyaw Min / MPA
ကရင်ပြည်နယ်၊ သောင်ရင်းမြစ်ကမ်းဘေး၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်တစ်နေရာတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၁ နာရီဝန်းကျင်တွင် လက်နက်ကြီး ကျသံနှစ်ချက် ပေါ်ထွက်လာသည်။
လက်နက်ကြီးကျသံကြားလိုက်ရသည့် ဖလူးလေးကျေးရွာရှိ ယူနတီစစ်ဘေးရှောင်စခန်းက လူအချို့ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
နောက်ဆက်တွဲ အသံထပ်မထွက်လာသည့် ခဏအကြာမှ တစ်ယောက်က ‘ခြောက်ပစ်တာ ဖြစ်မှာပါ’ ဟု ရေရွတ်လိုက်သည်။ ကျန်သူအချို့လည်း သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ သို့သော်လည်း ယင်းစခန်း၏ တစ်နေရာတွင်မူ သက်ပြင်းမချနိုင်သေးသည့် လူတစ်စု ရှိနေသည်။
နေ့စေ့လစေ့ ကိုယ်ဝန်ဖြင့် စစ်ရှောင် အမျိုးသမီးတစ်ဦး ကလေးမီးဖွားနေခြင်း ဖြစ်သည်။ သူ၏ အမျိုးသားမှာမူ သူ့အနီးတွင် ရှိမနေဘဲ တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်း တစ်နေရာတွင် ရှိနေသည်။
စစ်ဘေးမှ ထွက်ပြေးတိမ်းရှောင်လာရသဖြင့် အားအင်ကုန်ခမ်းနေသည့် အသက် ၂၁ နှစ်သာ ရှိသေးသည့် အမျိုးသမီးငယ်သည် ကလေးငယ်ကို ခက်ခက်ခဲခဲ မီးဖွားနေခြင်း ဖြစ်သည်။
“ဗိုက်နာလည်း ခဲရာခဲဆစ်နဲ့ မွေးခဲ့ရတယ်။ ဆရာမတွေနဲ့လည်း ကလေးမွေးဖွားပြီးမှ အတူတူပြေးကြမယ်ပေါ့” ဟု ကလေးမီးဖွားခဲ့ရာတွင် ကူညီခဲ့သည့် ဆရာမတစ်ဦးက ပြောသည်။
မွေးဖွားရန် ရက်လွန်နေခြင်း၊ ကလေးထွားခြင်း၊ မွေးဖွားချိန်ကြာမြင့်ခြင်းတို့ကြောင့် ခက်ခဲခြင်းလည်း ဖြစ်သည်။ ကလေးမိခင် နော်ကော့ကေးမှာလည်း ရှိသမျှအားကုန် ညှစ်ထုတ်နေရခြင်းကြောင့် အားကုန် မောပန်းလျက်ရှိသည်။
အရမ်းနာနေတော့ ဘာမှ လိုက်မတွေးနိုင်ဘူး ဟု နော်ကော့ကေးက ဆိုသည်။ တိုက်ပွဲများကိုလည်းကောင်း၊ လက်နက်ကြီးသံကိုလည်းကောင်း သတိမရနိုင်တော့ပေ။ သူ့ခင်ပွန်းဖြစ်သူကလည်း သူ့ကို မစောင့်ရှောက်ပေးနိုင်သေးကြောင်း ကြိုတင်မှာကြားခဲ့သည်ဟု သူက ဆိုသည်။
၂၁ ရက်နေ့ ၁၁ နာရီ ၂၁ မိနစ်၌ ကလေးမွေးဖွားခဲ့သည့်တိုင် ပြာနှမ်းငြိမ်သက်ပြီး မွေးဖွားလာခြင်းကြောင့် ဆရာ၊ ဆရာမများ သက်ပြင်းမောကို မမှုတ်ထုတ်နိုင်သေးပေ။
ကလေးမီးဖွားခဲ့ရာတွင် ကူညီခဲ့သည့် ဆရာမတစ်ဦးက “ကလေးက ငိုလည်း မငိုဘူး။ ပြာနှမ်းနေတာ။ အဝတ်နဲ့ ထုတ်ပြီး နာနာဖိ၊ ရင်ဘတ်ကိုလည်း ပုတ်ပေါ့။ ၂ နာရီလောက်ကြာပြီး အဲ့အဲ့ ဆိုတော့မှ အားလုံးလည်း ဝမ်းသာသွားတယ်။ အစက အသေလေး မွေးတယ် ထင်တာ။ ကလေးကို အောက်ဆီဂျင် ၁၅ မိနစ်လောက် သွင်းပြီး။ နာရီဝက်လောက် နေမှ ကလေးက ငိုတော့မှ အားလုံးလည်း ပြုံးနိုင် ရယ်နိုင်တော့တယ်” ဟု ဆိုသည်။
ကလေးမိခင် နော်ကော့ကေးသည် ဖလူးလေးကျေးရွာတွင် နေထိုင်ရာမှ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ဘေးရှောင်စခန်းတစ်ခုသို့ ရောက်ရှိနေခြင်းလည်း ဖြစ်သည်။ ဖလူးကြီး ကျေးရွာအနီး တဝိုက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်သည် စစ်ဘေးရှောင်စခန်းများ၊ လူနေအိမ်များပါမချန် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်ကို စွန့်ခွာ ထွက်ပြေးခဲ့ ရခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲကြောင့်ပင် သူမ၏ ခင်ပွန်းမှာ ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိနေရခြင်းလည်း ဖြစ်သည်။ အကြမ်းဖက် စစ်တပ်သည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လေးကေးကော် မြို့သစ်မှ စတင်ကာ တိုက်ပွဲများ ဖန်တီးကာ လူနေအိမ်များကိုပါ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်နေခြင်းကြောင့် သူမ၏ ဖလူးလေးကျေးရွာ အပါအဝင်၊ ဖလူးကြီး၊ ထီးမဲဝါးခိ၊ မဲထော်သလေး၊ မယ်လက်ပန်၊ ပဟိကလော်၊ ရသေ့ဂူစသည့်ကျေးရွာ အသီးသီးမှ လူပေါင်း ထောင်ချီ နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
အရေးပေါ် စစ်ရှောင်စခန်းများတွင် စစ်ဘေးဒုက္ခသည်များ ပြည့်နှက်သွားပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူသုံးပစ္စည်း မျိုးစုံ လိုအပ်နေသည်။ နော်ကော့ကေးကိုယ်တိုင်လည်း သူမကလေးအတွက် အနှီးမှ အစ ကလေးအသုံးအဆောင်ပစ္စည်းများ ဗလာနတ္ထိဖြစ်နေသည်။သို့သော် သူ့အတွက်ထိုအရာများသည် ကလေးမွေးစဉ်က အခက်အခဲများလောက်တော့ ခက်ခဲသည် မဟုတ်ပေ။
“အလုံးကြီးနှစ်လုံး ကျတဲ့အသံကို ကြားတယ်။ အဲဒီအချိန်မှာ ဗိုက်က တအားနာတော့ ဘာမှ စဉ်းစားချိန်ကိုမရလိုက်ဘူး။ ယောက်ျားကိုတော့ မှာပေးပါလို့ ပြောသေးတယ်” ဟု နော်ကော့ကေးက ဆိုသည်။
သူ့အတွက် စစ်ဘေးရှောင်ရင်း ကလေးမွေးရသည်က ပထမအကြိမ်တော့ မဟုတ်ပေ။ သားဦးလေး မွေးဖွားစဉ် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်ကလည်း မြိုင်ကြီးငူဒေသတွင် တိုက်ပွဲများ ဖြစ်ပွား နေချိန်ကို ကြုံတွေ့ခဲ့ရသည်။ သူမ၏ မိခင်ကိုလည်း အဆိုပါ တိုက်ပွဲများကြားတွင် ဆုံးရှုံးခဲ့ရသည်။
ဒုတိယသားကို မွေးဖွားရသည့် ယခုအချိန်တွင်လည်း သူမနေထိုင်ရာ ကရင်ပြည်နယ်တွင် စစ်မီးများ ပြန့်နေခဲ့ပြန်သည်။ ဖလူးကြီး ကျေးရွာအနီး တိုက်ပွဲကြောင့် ကိုယ်ဝန်နေ့စေ့လစေ့ဖြင့်ပင် သောင်ရင်းမြစ်ကို ဖြတ်ပြေးခဲ့ရပြီးမှ နောက်တစ်နေ့တွင် ခင်ပွန်းရှိရာသို့ ပြန်လာခဲ့ရခြင်းဖြစ်သည်။
မည်မျှပင် အခက်အခဲများ ရှိခဲ့သည် ဆိုစေ သားယောက်ျားလေးတစ်ဦးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပြီး နောက်သူ့မျက်နှာတွင် အပြုံးပန်းများ ဝေနေပြီ ဖြစ်သည်။
“ယောက်ျားလေးလို့လည်း ပြောပြီးတော့ နာကျင်ရတာတွေ ပျောက်ပြီးတော့ ပျော်သွားတယ် ဟု ပြုံးရွှင်သော မျက်နှာထားဖြင့် သူက ဆိုလိုက်သေးသည်။
Photo – Kyaw Kyaw Min / MPA
{ English Version }
Naw Kaw Kay who Gave Birth Twice amidst Wars
By Kyaw Kyaw Min / MPA
There were two huge bangs of large weapon explosions at a Myanmar-Thailand border at about 11 o’clock of December 21, near Thaung Yin River in Karen State.
Few young people at Unity IDP Camp in Hpalulay village were moved at hearing the explosion sound.
After a few moments of no following sounds, one murmured, ‘Maybe just scare shots!’ Some of the rest also took a sigh. However, there was one group at the camp who was unable to take a sigh.
An IDP woman with well-matured pregnancy was giving birth. Her husband was not by her side, but at the frontline of the fighting place. The only 21-year-old young woman, weary from the long journey escaping wars, was giving birth to a child with great difficulty.
“Even if the belly aches, it has to be managed with difficulty. We’ll run together after she gives birth”, said a lady (midwife) who helped with the birth-giving.
It was hard as it was overdue, the baby was grown and the birthing time was long. The baby’s mother Naw Kaw Kay is also weary as she had squeezed with all the energy she had.
As it hurt so badly, I couldn’t think about anything else, Naw Kaw Kay said. She couldn’t remember the clash noises nor the large weapon sounds. She also said her husband had told her that he wouldn’t be able to look after her yet.
At 11am, 12 minutes of the 21st, even after the bluish calm after giving birth, the helpers (midwives) couldn’t let out a deep sigh yet.
“The baby wasn’t crying, it was all blue. Wrapped with clothes and pressed the chest hard. After about 2 hours, it made ‘eh eh’ sound, only after that could everyone be happy. Initially, we thought it was stillborn. The baby was given oxygen for about 15 minutes. Only after about half an hour did the baby cry and only then could everyone laugh”, said one lady (midwife) who helped with the birthing process.
The baby’s mother Naw Kaw Kay lived in Hpalulay village and had to move to the IDP camp due to a fight on December 19. During a clash around Hpalugyi village, the terrorist military raided and fired shots on both IDP camps and homes and the people had to flee their homes.
Because of this very clash, her husband went to the frontline of the fight. Since the terrorist military created clashes since December 15 beginning from Lay Kay Kaw Myothit firing both large and small weapons on homes, thousands of people from Hpalugyi, Hteemaewakhee, Mae Htaw Thale, Mae Let Pan, Pahikalaw, Yathaegu including her village Hpalulay fled their homes and escaped.
The emergency IDP camps are full with war victims and they are in need of food supplies, medicines and other utensils. Naw Kaw Kay is also without any diapers nor any baby items. However, those are not as difficult for her as the birthing was.
The sound of two huge rounded substances falling was heard. As the belly ached so badly at that time, I didn’t even have time to think about it. But I said to send words for my husband, Naw Kaw Kay said.
It wasn’t her first time giving birth while fleeing a war though. During giving birth to her first boy child a year and half ago, she had experienced clashes in the region of Myaing Gyi Ngu. She also lost her mother in that clash.
At the time of giving birth to her second child also, there are wars again in Karen State where she lives. Due to clashes near Hpalugyi village, she had to run crossing over Thaung Yin river with well-matured pregnancy and the next day, she had to return to where her husband was.
No matter how much difficulty there was, after successfully giving birth to a baby boy, she was able to wear smiles on her face.
When they said it was a boy, all the pain was gone and I was so happy, she said with a smiling face.

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: