By MPA
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ တစ်ဦးဖြစ်သူ ကိုဝေယံဖြိုးမိုးသည် အင်းစိန်ထောင်အတွင်း နှိပ်စက်ခံထားရပြီး အသက်အန္တရာယ် စိုးရိမ်ရသည်အထိ နှိပ်စက် ခံထားရပြီး ဆေးကုသခွင့် မရသေးကြောင်း သိရသည်။
ဒီဇင်ဘာလ (၂၉) ရက်နေ့က တရားရုံးချိန်း အပြီးတွင် အဆောင် ပြောင်းခဲ့ရပြီးနောက် ရိုက်နှက် နှိပ်စက်ခံရပြီး လည်ပင်း နှင့် နံရိုးနားတွင် ဒဏ်ရာရရှိမှုများရှိပြီး လက်ရှိ အချိန်ထိ ဆေးကုသခွင့် မရသေးသည့်အတွက် အသက် အန္တရာယ် စိုးရိမ်ရကြောင်း ၎င်းနှင့် နီး စပ်သူများထံမှသိရသည်။
“သူ့ကို တွေ့ခွင့်မရဘူး ဆိုရင်တောင် အခုလိုဖြစ်လာတဲ့အချိန်မှာ သူ့ကို ဆေးကုသခွင့်တော့ ပေးစေချင်ပါတယ်။ မိသားစုဝင် တစ်ယောက် အနေနဲ့ ဆေးကုသခွင့် ရချင်ပါတယ်။ လောလောဆယ်ဆယ်တော့ အစ်မတို့ ဘာလုပ်ရမှန်းမသိသေးဘူး”ဟု ကိုဝေယံဖြိုးမိုး၏ အစ်မဖြစ်သူ ကဆိုသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) မှ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို အကြမ်းဖက် စစ်တပ်က စစ်အာဏာ မသိမ်းမီကာလအတွင်းက စွဲဆိုထားသည့် ပုဒ်မ (၂) ခုဖြင့် ဒီဇင်ဘာလ (၂၉) ရက်တွင် အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၂)နှစ်၊ (၁) လ ချမှတ်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၃) ရက်နေ့က အင်းစိန်ထောင်အတွင်း silent strike ပြုလုပ်ခဲ့ခြင်း နှင့်ပတ်သက်၍ အကျဉ်းထောင် ဝန်ထမ်းများ၏ နှိပ်စက်ခြင်းခံခဲ့ရပြီး တိုက်ပိတ်ခြင်းခံခဲ့ရသည်။
ပုံစာ- ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်ကောင်စီအား ဆန့်ကျင် ဆန္ဒပြပွဲတွင် တွေ့ရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုး
Photo- MPA