fbpx

အာဏာသိမ်းသည့်နေ့က ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်ကို မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ်ချ

By MPA
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းစဉ် ဖေဖော်ဝါရီလ (၁) ရက်နေ့က ဖမ်းဆီးခြင်းခံထားရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း‌သားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း (တွဲဖက်အတွင်းရေးမှူး) ဖြစ်သူ ကိုမင်းသွေးသစ်ကို ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သည်။
ကိုမင်းသွေးသစ်ကို (၂၀၂၀) ခုနှစ် မေလ(၂၆) ရက်နေ့တွင် ပြဌာန်းခဲ့သည့် ယာဥ်အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဆိုင်ရာဥပဒေပုဒ်မ (၉၅)ဖြင့် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
“လက်ရှိသိရ‌တာတော့ ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပါတယ်။ အလုပ်ကြမ်း ပါ မပါတော့မသိရသေးဘူး” ဟု ၎င်း၏ရဲဘော်တစ်ဦး ကပြောသည်။
ကိုမင်းသွေးသစ်သည် (၂၀၁၂- ၂၀၁၆) ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း (တွဲဖက်အတွင်းရေးမှူး) အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အာဏာသိမ်းမှုမတိုင်ခင်က ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။
အကြမ်းဖက်စစ်တပ်သည် ဒီဇင်ဘာ မကုန်မီတွင် အာဏာသိမ်းသည့်နေ့က ဖမ်းဆီးထားသည့် နိုင်ငံရေးသမားများ၊ တက်ကြွ လှုပ်ရှား သူများကို အမိန့်ချမှတ်လာသည်ကို ဆက်တိုက် တွေ့ရှိလာရသည်။
Photo- Min Thwae Thit’s Facebook

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: