fbpx

အလွတ်တန်း ဓာတ်ပုံသတင်းထောက်  ဖိုးသားနှင့် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ မလင်းလင်း တို့ ဖမ်းဆီးခံရပြီးနောက် ယနေ့ထိမိသားစုနှင့် အဆက်သွယ်မရရှိသေး

 

2 June 2022 By MPA 

အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် ()ဖိုးသားနှင့် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ မဆုရည်လင်း()လင်းလင်း တို့ ဖမ်းဆီးခံရပြီးနောက် ယနေ့တိုင် မိသားစုနှင့် အဆက်သွယ်မရရှိသေး ကြောင်းသိရသည်။ 

ဒီဇင်ဘာလ ၁၉ရက်နေ့ ညနေတွင် ဖမ်းဆီးခံရသည့် အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် ()ဖိုးသားနှင့် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ မဆုရည်လင်း()လင်းလင်း တို့နှစ်ဦး ယနေ့ အချိန်ထိ မိသားစုနှင့်အဆက်သွယ်မရရှိသေးသည့်အပြင် မည်သည့်နေရာ‌တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို ယနေ့အချိန်ထိ မသိရှိရသေးကြောင်း ၄င်းတို့၏ မိသားစုများကဆိုသည်။

ကိုဇော်လင်းထွဋ်()ဖိုးသား ၏ မိခင်ကကျွန်မရဲ့သားက ၁၂လပိုင်း ၁၉ရက်နေ့ အဲ့ဒီနေ့က တနင်္ဂနွေနေ့ကျပါတယ်။ ရန်ကုန်မှာ သတင်းဓာတ်ပုံရိုက်ကူးနေချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံခဲ့ရတာကိုလည်း မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ အခုဆို သားရဲ့ သတင်းမကြားရတာ ၂ပတ် ရှိပါပြီး။ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ သိပ်ကို စိတ်ပူနေပါတယ်  ဟုပြောသည်။

အခင်းဖြစ်ပွားပြီးမကြာမီ ၎င်းတို့နှစ်ဦးဖမ်းဆီးခံရသည့် နယ်မြေခံ ရဲစခန်းသို့ မိသားစုမှ ဆက်သွယ်စုံစမ်းသော်လည်း ယခုအချိန်ထိ အခြေအနေ တိတိကျကျ မသိရှိရသေးပဲ အဆက်သွယ်ပျက်တောက်လျက်ရှိသည်။ 

မဆုရည်လင်း()လင်းလင်း နဲ့ပတ်သက်ပြီး  မလင်းလင်းက သူ ဖမ်းဆီးခံရစဉ်ကာလမှာ ကျန်းမာရေးမကောင်းဖြစ်လျက်ရှိသည်ကိုလည်း သိရှိထားရတော့ ဖက်ဆစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်မှုမျာကြောင့် သူ့ရဲ့ ခန္ဓာနှင့် အသက်အတွက် လွန်စွာမှစိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။ အမျိုးသမီးရဲဘော်ဖြစ်တဲ့ မလင်းလင်းရဲ့ စစ်ကြောရေးအတွင်း ဘေးကင်းစေရေး၊ အခွင့်အရေးအချိုးဖောက်မခံရရေး၊ လိင်အကြမ်းဖက်မှုမခံရရေးတို့အတွက် UN Women အပါအဝင် အခြားသော အမျိုးသမီးဆိုင်ရာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများမှ အလေးပေးစောင့်ကြည့်ကာ ဝိုင်းဝန်းတောင်းဆို ပေးကြစေလိုပါတယ်ဟု ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသား သမဂ္ဂများမှ တာ၀န်ရှိသူတဦးကဆိုသည်။ 

၎င်းတို့ နှစ်ဦး၏ မိသားစုမှ ICRC ၏ မိသားစုခြေရာခံရှာဖွေခြင်းဆိုင်ရာ အရေးပေါ်အစီအမံများပြုလုပ်နိုင်ရန်အတွက် ICRC သို့ဆက်သွယ်အကြောင်းကြား ထားပြီးဖြစ်သော်လည်း ယနေ့တိုင် မည်သည့်နေရာတွင်ဖမ်းဆီးချုပ်နှောင်ထားသည်ကိုပင် မသိရှိရဘဲ စစ်ကောင်စီ၏ လူမဆန်သည့် ဖမ်းဆီးနှိပ်စက်မှုဒဏ် ခံနေကြရကာ ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိမည်ကို မိသားစုအနေဖြင့် အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိနေသည်။

#ဖိုးသား #ဖမ်းဆီးခံရ #MPA #ကျောင်းသား

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: