fbpx

ကျောက်တော်မြို့ပေါ်ရှိ ရထားဘူတာစစ်ဘေးရှောင်စခန်းအကူအညီလိုအပ်

Photo – Kaung Mrat Naing / MPA
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ပေါ် ရှိ ရထားဘူတာစစ်ဘေးရှောင်စခန်းမှာ အကူအညီများ လိုအပ်နေကြောင့် စစ်ဘေးရှောင်များက ပြောသည်။
“အိမ်သာရယ်၊ထင်းရယ်၊ဆောင်းရာသီ ဆိုတော့ အနွေးထည်တွေလည်း လိုအပ်ပါတယ်။”လို့ တင်းမကျေးရွာမှ စစ်ဘေးရှောင်လာသူ မသန်းနုခိုင်က MPAသို့ ပြောသည်။

This slideshow requires JavaScript.

အဆိုပါစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၂၀၆စု၊ကျား ၃၀၀၊မ ၄၃၅ ၊စုစုပေါင်း ၇၃၅ ဦးရှိကြောင့် သိရသည်။
“ဘာအခက်အခဲရှိလဲဆိုတော့ စားဝတ် နေရေးရယ်၊ကျန်းမာရေးရယ်၊ပြီးတော့ ထင်းတွေဘာတွေလည်း အများဆုံး လိုအပ်နေပါတယ်။”ဟု စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ကိုသန်းရွှေက ဆိုသည်။
ထိုကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA)နှင့်အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား ဇန်နဝါရီလ ၁၇ ရက်၊မနေ့ ကစတင်ကာ စစ်ရေးတင်းမာနေသဖြင့် ဒေသခံရွာသားတချို့မြို့ပေါ်သို့ တိမ်း ရှောင်နေကြကြောင့် ဒေသခံများက ပြောသည်။
”အိမ်သာတွေက အမျိုးသားတွေနဲ့အ မျိုးသမီးတွေ အတူတူစုပေါင်းသုံးနေရတယ်။နောက်ပြီး ရေချိုးရတာတွေက အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိဘူး။” ဟု စစ်ဘေးရှောင်အမျိုးတစ်ဦးက ပြောသည်။
ရခိုင်မှာ တိုက်ပွဲများရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ကြာလာသော်လည်း စစ် ဘေးရှောင်အများစု နေရပ်မပြန်နိုင်ကြ သေးဘဲ စားဝတ်နေရေးအခက်အခဲများနှင့် စစ်ဘေးရှောင်စခန်းများမှာ ခိုလှုံနေထိုင်ကြရဆဲဖြစ်သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: