fbpx

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအ၀င် ၀န်ကြီးငါးဦးကို အဂတိမှုဖြင့် အမိန့်ချ

By Kaung Mrat Naing / MPA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးဟောင်းငါးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ် မ(၅၅)ဖြင့် ဇန်နဝါရီလ ၁၉ ရက်၊ ယနေ့တွင် စစ်တွေအကျဥ်းထောင်အထူးတ ရားရုံးက အမိန့်ချလိုက်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်၊လျှပ်စစ်၊စစ်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့် စီး ပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)ဖြင့် စစ်တွေအကျဉ်းထောင် အထူးတရားရုံးက ထောင်ဒဏ်အသီးသီးကျခံစေရန်အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
”သူတို့မှာ ထောင်ဒဏ်အများဆုံးက ကိုးနှစ်စီဖြစ်ပါတယ်။ဦးညီပုတို့သုံးဦးကထောင်ဒဏ်အများဆုံးဖြစ်ပါတယ်။”ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းရုံးမှ အမှုလိုက်ရှေ့နေက MPA သို့ပြော သည်။
အဆိုပါငါးဦးထဲက ဝန်ကြီးချုပ်ဟောင်းဦးညီပု၊လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့် စီး ပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းတို့ကို အလုပ်နှင့် ထောင်ဒဏ် ၉ နှစ်စီချမှတ်ခံလိုက်ရခြင်းဖြစ်သည်။
ယင်းအထဲက စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်ကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအော ငကို ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။
“ဝန်ကြီးချုပ်ဟောင်းပါတဲ့အမှုက ၃ မှုပေါ့နော်။ရာဇဝတ်ကြီးအမှု ၁ မှာကျတော့ ၃ နှစ်ပေါ့နော်။ ၂ မှာရော ၃ နှစ်၊ ၃ မှာရော ၃ နှစ်ပေါ့နော်။အလုပ်နဲ့ဆိုပြီးပါပါတယ်။နောက်ထပ်ဝန်ကြီးဟောင်းဦးမင်းအောင်က အမှုနံပါတ် ၄ မှာ သူ့တစ်ယောက်တည်းတစ်မှုနဲ့ ၇ နှစ်ပါ” ဟု အမှုလိုက်ရှေ့နေက ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဦးမင်းအောင်တို့ကို မဲမသာမှုပြုလုပ်သည်ဟုဆိုကာ ဒီဇင်ဘာ ၂၂ ရက်နေ့က ရွေးကောက်ပွဲနှင့်ဆိုင်သည့် ပုဒ်မ၁၃ဝ(က)ဖြင့် ထပ်မံတရားစွဲဆိုထားသည်။
ထိုအပြင် ဝန်ကြီးဟောင်းဦးမင်းအောင်ကို ဝန်ကြီးချုပ်ဟောင်းမဲမသမာမှုပြု လုပ်သည်ကို အားပေးကူညီသည်ဟုဆိုကာ ဇန်နဝါရီလ ၅ ရက်နေ့က ပုဒ်မ ၁ဝ ၉ ဖြင့် ထပ်မံတရားစွဲခံထားရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုကို ၂ဝ၂၁ ခုနှစ်၊အောက်တိုဘာ ၈ ရ က်နေ့ကလည်း နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့်အလုပ်ကြ မ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခံထားရသည်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို စစ် တပ်က ၂၀၂၁ ခုနှစ်၊ဖေဖေယ်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက် NLD အစိုးရအဖွဲ့ဝင်အများစုကို မတ ရားဖမ်းဆီးတရားစွဲထောင်ဒဏ်များချမှတ်ထားသည်။

ထိုကြောင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးအများစုလည်း ဖမ်းဆီးတရားစွဲ ဆိုထောင်ဒဏ်ချမှတ်ခံရပြီး ဆက်လက်အမှုရင်ဆိုင်နေကြရခြင်းလည်းဖြစ်သည်။
( ပုံစာ – ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု )

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: