fbpx

မြောင်မြို့နယ်ရှိကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီ ဗျူစောထီးပူးပေါင်းကာ ပြည်သူများ၏ ရွှေငွေများကို ခိုးယူကာ နေအိမ်များမီးရှို့ဖျက်ဆီး

By MPA
မြောင်မြို့နယ်ရှိကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ဗျူစောထီးတပ်များစုပေါင်းကာ စစ်ကြောင်းထိုးပြီး ပြည်သူများ၏ ရွှေငွေများကို ခိုးယူခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က သိရသည်။
ယနေ့နံနက်ပိုင်းတွင် ချောင်းဇင်းရွာရှိနေအိမ်တစ်အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူများ၏ နေအိမ်မှ ရွှေငွေနှင့်လက်၀တ်ရတနာများကို ခိုးယူဆောင်သွားခဲ့သည်။
ယင်းနောက်နေ့လည် ၁၂ နာရီခန့်တွင် ဆယ်ရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ကျေးရွာသို့၀င်ရှောက်မွှေနှောက်ကာ အိမ်များကို မီးရှို့ခဲ့ကြောင်း၊ ပြည်သူတစ်ဦးမှာ လက်နက်ကြီးထိမှန်ပြီး ဒါဏ်ရာရရှိခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ၀င်က သိရသည်။

This slideshow requires JavaScript.

“ သူတို့က ဓားမြတွေ သူခိုးတွေဗျ ။ သူတို့လာရင် ဘယ်ပြည်သူမှ ရွာထဲမနေတော့မှန်းသိတယ် ၊ အဲ့တော့ အပြစ်မရှိပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပျက်စီးစမ်း ၊မွဲပြာကျစမ်း ၊ ငါတို့မပိုင်တာပိုင်တဲ့အတွက်ယူမယ် ၊ သူတို့လိုချင်တာ ယူတယ် ။ ရွှေငွေ အကုန်ယူတယ် ။ ယုတ်စွအဆုံး စောင်လိုချင်စောင်ယူတယ် ခေါင်းအုံးကအစ မချန်ခဲ့ဘူး ။ “ ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ၀င်တစ်ဦးက ပြောသည်။
ဇန်နဝါရီ ၂၂ ရက်န့တွင်လည်း မယ်မသော်ကျေးရွာသို့ ဝင်ရောက်မွှေနှောက်ကာ ပြည်သူများကိုကျန်းမာရေးစောင်ရှောက်ပေးနေသည့် ပြည်သူ့ဆေးခန်းတစ်ခုကို ဖျက်ဆီးခံပြီး နေအိမ်တစ်ချို့ကို ဖျက်စီးသွားခဲ့လို ကြောင်း သိရသည်။
ဇန်နဝါရီ ၂၁ ရက်နေ့တွင် မြောင်မြို့နယ်ထဲရှိ ရွှေဘုံသာကျေးရွာသို့ အကြမ်းဖက်စစ်တပ်များ၀င်ရောက်ကာ ကျေးရွာရှိ ငွေ သိန်း ၇၀ခန့်ယူဆောင်သွားကာ ဘုန်းကြီးကျောင်းဇရပ်တစ်ခုကို မီးရှို့ခြင်း ၊ ကားတစ်စီးကိုမီးရှို့ခြင်း၊​ဆိုင်ကယ်တစ်စီးမီးရှို့ခြင်းများပြုလုပ်ခဲ့သည်။
Photo – Myaung Union Army

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: