fbpx

မီတာဆောင်ကြရန် စစ်ကောင်စီ ဖိအားပေးနေပြီး မဆောင်သည့်အိမ်များကိုမီးဖြတ်

By MPA
ရန်ကုန်တိုင်းရှိမြို့နယ်များတွင် မီတာမဆောင်သည့်အိမ်များကိုမီးဖြတ်ခြင်း ၊ မီတာ‌ဆောင်ရန်ခြိမ်းခြောက်ဖိအား‌ပေးခြင်းများပြုလုပ်‌နေကြောင်း မြို့ခံပြည်သူအချို့က‌ပြောသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် မီတာခကြွးကျန် ၃လနှင့်အထက်ရှိသူများအနေဖြင့် ဇန်နဝါရီ ၂၇ ရက်နောက်ဆုံးထား၍ လာရောက်ပေ‌ေးဆာင်ရန် ၊မလိုက်နာပါက ဓာတ်အားဖြတ်တောက်မည်ဖြစ်ပြီး တပ်ဆင်မီတာများကိုလည်းဖြုတ်သိမ်းမည်ဖြစ်ကြာင်း ကြေညာထားသည်ဟု မြို့နယ်နေပြည်သူတစ်ဦးက‌ပြောသည်။
“ဒီမနက်ပဲ အုပ်ကြီးရုံးက အော်နေတာပါ ။ ဒါပေမယ့်လည်း မဆောင်နိုင်ဘူး။ မီတာဆောင်ဖို့ ငွေလည်းမရှိဘူး ၊စားဖို့တောင်အနိုင်နိုင်” ဟု ယင်းမြို့နယ်‌နေပြည်သူတစ်ဦးကပြောသည် ။
ထို့ပြင် ယုဇနဥယျာဉ်မြို့တော်တွင်လည်း မီတာမဆောင်သည့်တိုက်ခန်းများကို ယခုလအတွင်း မီးလိုက်ဖြတ်နေကြောင်း မီးဖြတ်ခံရသည့် ပြည်သူတစ်ဦးကပြောသည် ။
“မီးကပျက်‌နေတာ ၊ မီးမလာတာပဲထင်တာ ၊အိမ်တံခါးခေါက်ပြီး သူများတွေလာပြောမှ မီတာမဆောင်လို့မီးဖြတ်တယ်ဆိုတာသိရတယ် ။ ဆိုင်ကယ်တွေနဲ့လာပြီး တိတ်တိတ်လေးလာဖြတ်သွားကြတာ ၊ဘယ်သူမှမသိလိုက်ဘူး ” ဟု ၎င်းကပြောသည် ။
မီးဖြတ်ခံရသည့်အိမ်များအနေဖြင့် မီတာခကြွေးကျန်နှင့် ဒဏ်ကြေးဆောင်ရသည့်အပြင်မီတာပြန်လည်တပ်ဆင်ခ ကျပ်နှစ်သောင်းပေးရသည်ဟု ဆိုသည် ။
တောင်ဥက္ကလာပမြို့နယ်တွင်လည်း မီတာခကြွေးကျန် ၃သိန်းနှင့်အထက်ရှိသည့်အိမ်များကို မီးလိုက်ဖြတ်ခဲ့ကြောင်း ၊ မီတာများလိုက်လံဖြုတ်သိမ်းရာတွင်စစ်ကောင်စီတပ်ဖွဲ့၀င်များပါ၀င်ကြောင်းယင်းမြို့နယ်နေပြည်သူတစ်ဦးကပြောသည်။
“လက်နက်နဲ့ခြိမ်းခြောက်တော့လည်းဆောင်ရတာပေါ့ ” ဟု ၎င်းကပြောသည် ။
မီတာမဆောင်သည့်အိမ်များကိုယင်းသို့လိုက်လံမီးဖြတ်ကာဖိအား‌ေပးနေသော်လည်း စစ်ကောင်စီသည် ပြည်သူများကို လျှပ်စစ်ဓာတ်အားလုံလုံလောက်လောက်မပေးနိုင်ဘဲ အလှည့်ကျမီးပေးသည့်စနစ်ကိုသာကျင့်သုံးနေသည် ။မြို့နယ်များတွင် မီးကိုအချိန်ပြည့်မရကြောင်း ပြည်သူများကဆိုသည် ။
“မနက် ၆နာရီဆို ပုံမှန်မီးပျက်လို့ ထမင်းအိုးတောင် မနက်၄နာရီလောက်ထတည်နေရတယ် ” ဟု မြောက်ဒဂုံနေ အိမ်ရှင်မတစ်ဦးကပြောသည် ။
စစ်ကောင်စီကမူ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်‌‌သောစက်ရုံများမှ ဓာတ်အားထုတ်လုပ်နိုင်မှု‌လျော့နည်းလာကြောင်းနှင့် လျှပ်စစ်လုံလောက်စွာမ‌ပေးနိုင်‌ကြောင်း ဇန်နဝါရီလအတွင်း ထုတ်ပြန်ထားသည် ။
ပုံစာ – တောင်ဥက္ကလာပမြို့နယ်အတွင်း မီတာမဆောင်သည့်အိမ်များကိုမီးလိုက်ဖြတ်နေစဉ်။
ဓာတ်ပုံ – ရပ်ကွက်နေပြည်သူတစ်ဦး

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: