fbpx

ဘုရင့်နောင်စစ်ကြောရေးတပ် ဗုံးခွဲတိုက်ခိုက်ခံရကာ ဂိတ်စောင့် အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ဦးထက်မနည်းသေဆုံး

By MPA
ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ ဘုရင့်နောင်စစ်ကြောရေးတပ်ကို ရန်ကုန်အခြေစိုက် From Zero to Hero တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား၂ဦးထက်မနည်းသေဆုံးခဲ့သည်။
အဆိုပါဗုံးပေါက်ကွဲမှုသည် ယနေ့နံနက် ၅နာရီ ၂၀မိနစ်က ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား၂ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း လှိုင်မြို့နယ်ရှိ မျက်မြင်တွေ့သူများကဆိုသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၅နာရီ၂၀မိနစ်တွင် လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ အမှတ်၁ ဘုရင့်နောင်စစ်ကြောရေးတပ်၊ဂိတ်ဝ အနီးဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သလို မပေါက်ကွဲသေးသည့် ချိန်ကိုက် ဗုံးတစ်လုံးကို အကြမ်းဘက်စစ်ကောင်စီဘက်ကသိမ်းဆည်းသွားကြောင်း From Zero To Hero တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
“စစ်ကြောရေးတိုင်းဟာမတရားဖိနိပ်ခံရတဲ့ပြည်သူ့ငရဲခန်းပါပဲ။ပြည်သူကို မတရားဖိနှိပ်နေတဲ့ဖက်ဆစ်စစ်တပ်ကို ပြည်သူနဲ့တသားတည်းရပ်တည်ပြီးတော်လှန်သွားမှာပါ။တစ်လုံးကတော့မအောင်သွားဘူး။ကျွန်တော်တို့အဖွဲ့သားတွေဘေးကင်းလုံခြုံတဲ့နေရာကိုဆုတ်ခွာနိုင်ခဲ့ပါပြီ “ဟု From Zero To Hero ၏ ပြန်ကြားရေး တာဝန်ခံတစ်ဦးကရှင်းပြသည်။
လက်ရှိတွင် ဘုရင့်နောင် စစ်ကြောရေးတပ်ကို ဖောက်ခွဲခဲ့သည့် From Zero to Heroအဖွဲ့သားများသည် ဘေးကင်းလုံခြုံသည့်နေရာသို့ ဆုတ်ခွာရောက်ရှိနေပြီဖြစ်ကြောင်း From Zero To Hero ၏ ပြန်ကြားရေး ပြောသည်။
ယင်းပေါက်ကွဲမှုဖြစ်စဉ်အပြီး အရပ်ဝတ်ဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားအချို့ ကင်းလှည့်လည် ရှာဖွေမှုတွေပြုလုပ်နေပြီး 9I/1895 နဲ့ 9F/1620 နံပါတ်ပြားတပ်ဆင်ထားသည့် Pro Boxအမျိုးအစား အိမ်စီးယာဉ် များဖြင့် လှိုင်အရှေ့ပေ ၅၀လမ်းထဲ လှည့်လည်နေကြောင်း လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက သတင်းပေးပို့ထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: