fbpx

အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် ကန့်ကွက်လွှာကို NUG အစိုးရပြန်လည်ရုတ်သိမ်းပြီး လက်ခံကြောင်းစာပြန်ပို့

By MPA
အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး – ICJ တွင် တရားစွဲဆိုထားသောအမှုကို ကန့်ကွက်လွှာကို NUG အစိုးရပြန်လည်ရုတ်သိမ်းပြီး လက်ခံကြောင်းကို ICJ တရားရုံးကို အကြောင်းကြားခဲ့ကြောင်း ICJ အရေးပြုုပ်နေသူများက ပြောသည်။
လာမည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် နယ်သာလန်နိုင်ငံ သယ်ဟိတ်မြို့ နိုင်ငံတကာတရားရုံး ICJ တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ ၄ ရက် ထိပြလုပ်မည်ဖြစ်ပြီး ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေးအဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာတရားရုံးသည် မြန်မာနိုင်ငံမှ တင်သွင်းသည့် ပဏာမကန့်ကွက်မှုများအပေါ် အာရုံစိုက်သွားမည်ဖြစ်သည်။
“ယခင်ကြားနာပွဲမှာ ဂမ်ဘီယာက တရားစွဲဆိုခွင့်မရှိဘူး၊ ICJ တရားရုံးက တရားစီရင်ခွင့်မရှိဘူးလို့ ကန့်ကွက်ခဲ့တဲ့ကိစ္စကို အခု NUG က ရုတ်သိမ်းလိုက်ပြီး၊ တရားရုံးက တရားစီရင်ခွင့်ရှိတာကို လက်ခံကြောင်း အကြောင်းကြားတာက ယခင်က သွားခဲ့တဲ့မူနဲ့ မတူကြောင်း တရားဝင် ပြသလိုက်တာ ဖြစ်ပါတယ်။ “​ ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့၊ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်သည့် ကိုနေဆန်းလွင်က ပြောသည်။
လက်ရှိ COVID-19 ကပ်ရောဂါကြောင့် ကြားနာပွဲကို တရားရုံး၏အဖွဲ့ဝင်အချို့သည် တရားရေးခန်းမကြီးတွင် လူကိုယ်တိုင်လာရောက်၍ နှုတ်ဖြင့်တရားစွဲဆိုမှုများပြုလုပ်ကြမည်ဖြစ်ပြီး အခြားသူများသည် ဗီဒီယိုလင့်ခ်ဖြင့် အဝေးမှပါဝင်ရမည်ဖြစ်ကာ အမှုတွဲတွင် ပါဝင်သူများ၏ ကိုယ်စားလှယ်များသည် လူကိုယ်တိုင်ဖြစ်စေ ဗီဒီယိုလင့်ခ်ဖြင့်ဖြစ်စေ ပါဝင်မည်ဖြစ်သည်။
” လာမယ့် ကြားနာပွဲမှာ တရားစီရင်ခွင့်ကိစ္စကို အဓိကထားဆုံးဖြတ်မှာဆိုတော့ NUG ကိုယ်စားပြုခွင့်ရရင် ဒီကိစ္စကို ဆုံးဖြတ်စရာမလိုတော့ဘူး။ အမှုမြန်မြန်ပြီးစေဖို့ အထောက်အကူဖြစ်လိမ့်မယ်။ “​ ကိုနေဆန်းလွင်က ပြောသည်။
NUG အစိုးရနှင့် အကြမ်းဖက်စစ်ကောင်စီ နှစ်ခုစလုံးသည် နိုင်ငံကိုယ်စားပြုခွင့်အတွက် ကြိုးစားနေကြပြီး ယနေ့အချိန်ထိ ICJ မှ ကိုယ်စားပြုခွင့်ကို တရားထုတ်ပြန် ကြေညာထားခြင်းမရှိသေးကြောင်း သိရသည်။​
အကြမ်းဖက်စစ်ကောင်စီက ICJ အရေး ဖြေရှင်းရန်အတွက် ကော်မတီတရပ်ကို ၂၀၂၁ ခုနှစ် ဇွန်လက ဖွဲ့စည်းခဲ့ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် နိုင်ငံရေးခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ခန့်အပ်ထားကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး – ICJ တွင် ၂၀၁၉ နိုဝင်ဘာလထဲ တရားစွဲခဲ့ပြီး ဒီဇင်ဘာလကြားနာမှုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တွင် လာရောက် တရားရင်ဆိုင်ခဲ့သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: