fbpx

ဆိုင်ကယ်ရပ်မပေးသဖြင့် ကြံ့ခိုင်ရေးပါတီ၀င် အမျိုးသားတစ်ဦးအား စစ်ကောင်စီမှ သေနတ်ဖြင့်ပစ်သတ်

By MPA
စစ်ကိုင်းမြို့၊ဧမြ၀တီရပ်ကွက်‌တွင်နေထိုင်သော ကြံ့ခိုင်ရေးပါတီ၀င် အမျိုးသားတစ်ဦး မန္တလေးမြို့၌ ဆိုင်ကယ်ရပ်မပေးသဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်းသိရသည်။
ပစ်သတ်ခံရသူမှာ ကိုငြိမ်းချမ်း၀င်း ဖြစ်ပြီး ပစ်သတ်ခံရစဉ် ၎င်း၏ ဆိုင်ကယ်၊ဖုန်းနှင့် ငွေများ မိသားစုမှပြန်လည်မရခဲ့ကြောင်း အလောင်းအား ဇန်နဝါရီ ၂၈ နံနက်ပိုင်းတွင် မန္တလေးမြို့၌ သဂြိုဟ်ခဲ့ကြောင်း သိရသည်။
” ၂၇ ရက်နေ့ည က မန္တလေးမှာပစ်သတ်ခံရတယ်။ ဆိုင်ကယ်ရပ်မပေးလို့ စစ်တပ်ကပစ်သတ်လိုက်တယ်လို့သိရတယ်။သေသွားသူရဲ့ယောက္ခမ က ကြံ့ခိုင်ရေးပါတီက။ သူလည်းပါတီ၀င်ထားတယ်လို့သိရတယ်၊ သူ့မိန်းမကကိုယ်၀န်ကြီးနဲ့ကျန်ခဲ့တယ်”ဟု ဧမြ၀တီရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောကြားသည်။
အကြမ်းဖက် စစ်တပ်၏ ပစ်သတ်မှုကြောင့်သေဆုံးသွားသူမှာ စစ်ကိုင်းမြို့၊ဧမြ၀တီရပ်ကွက် အနောက်ပိုင်းမှ ဆိုင်းမင်းသမီးတစ်ဦး၏ အမျိုးသားဖြစ် ပြီး အသက်၂၀ကျော်အရွယ်ဖြစ်သည်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်သားများသည် စစ်ကိုင်း၊မန္တလေး အစရှိသည့် မြန်မာပြည်အလယ်ပိုင်း မြို့ကြီးများ၌ အမျိုးသားနှစ်ဦး ဆိုင်ကယ်မောင်းနှင်ခြင်းများ အားပစ်သတ်ဖမ်းဆီးမှုများပြုလုပ်နေကြောင်းသိရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: