fbpx

သံဖြူဇရပ်ကလင်မယား စကားများရန်ဖြစ်ရာမှ မိန်းမဖြစ်သူက ယောကျာ်းဖြစ်သူမျက်နှာအား အက်စစ်ဖြင့်ပက်ပြီး အဖမ်းခံ

By MPA
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့က လင်မယားနှစ်ယောက် စကားများရန်ဖြစ်ရာမှ မိန်းမဖြစ်သူက ယောကျာ်းဖြစ်သူမျက်နှာအား အက်စစ်ဖြင့်ပက်ပြီး ရဲစခန်းသွားအဖမ်းခံမှု ဖေဖော်ဝါရီလ ၁ရက်နေ့ကဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်၊ မင်းရဲကျော်စွာ(၈)လမ်းတွင်နေထိုင်သည့် ကိုပြည့်ဖြိုးအောင်နှင့် ၎င်း၏ဇနီးဖြစ်သူတို့သည် အပြန်အလှန်စကားများရန်ဖြစ်ခဲ့ကြတာဖြစ်သည်။
ယင်းသို့ စကားများစဉ် ကိုပြည့်ဖြိုးအောင်အား သူ​၏ဇနီးဖြစ်သူက အနီးရှိဘက်ထရီအိုးဘေးမှ အက်စစ်ဘူးကို ယူကာ မျက်နှာကို လှမ်းပက်လိုက်ခဲ့ကြောင်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းက ပြောသည်။
အက်စစ်ဖြင့်ပက်ခံလိုက်ရသည့် ကိုပြည့်ဖြိုးအောင်ဟာ မျက်လုံးနှစ်လုံးကန်းသွားခဲ့ပြီး ရင်ဘတ်နှင့်လက်တို့ စုတ်ပြဲဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ခန်း ဆေးစာမှတ်တမ်းများက ဖော်ပြထားပါသည်။
“ဘာကြောင့်ဖြစ်တာလဲတော့ရဲပဲသေချာသိမယ်။မနက်ကအကောင်းစကားများတာ နေ့လည်လောက်မှ မိန်းမဖြစ်သူက အက်စစ်နဲ့ပက်လို့ အရေးပေါ်ကားလိုတယ်ဆိုပြီး အကြောင်းကြားမှသိတာ။အက်စစ်ကပြင်းတော့ မျက်လုံးကန်းသွားတယ်”ဟု ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းရဲ့တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
လက်ရှိမှာ တရားလိုဖြစ်သူ ကိုပြည့်ဖြိုးအောင်ဟာ မျက်မမြင်ဘဝရောက်ရှိသွားခဲ့ပြီး သူ​၏မိန်းမဖြစ်သူကို သံဖြူဇရပ်ရဲစခန်းမှ ဖမ်းဆီးထားတာကြောင့် တရားလိုယောကျာ်းနှင့် တရားခံမိန်းမတို့​၏ ကလေးငယ်ကို တရားခံဘက်က ဆွေးမျိုးများမှ ခေါ်ယူစောင့်ရှောက်ထားကြောင်း ဒေသခံများ​၏ပြောဆိုချက်အရသိရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: