By MPA
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် KNLA နှင့်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အတူလက်တွဲကာ ဖက်ဆစ်စစ်တပ်ကို တိုက်ခိုက်နေကြောင်း BPL A၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် KNLA နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အတူပူးပေါင်းကာ ၄င်းတို့၏ အမိန့်ပေးကွပ်ကွဲမှုဖြင့် ဖက်ဆစ်စစ်တပ်ကိုတိုက်ခိုက်နေသည်မှာ တစ်လအချိန်ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီလအတွင်း မဟာမိတ်တပ်ဖွဲ့များနှင့် ဖက်စစ်စစ်တပ်တို့မှာ နေ့စဥ်ထိတွေတိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး ဖက်ဆစ်စစ်တပ်မှာ စစ်သားများကို သုတ်သင်နိုင်ခဲ့သည်။
တိုက်ပွဲများအတွင်း BPLA မှ အသက်၁၈နှစ်အရွယ်ရှိ ရဲဘော်တစ်ဦးခြေထောက်တစ်ဖက်ဆုံးရှုံးပြီး ကျန်တစ်ဦး မိုင်းထိမှန်( မစိုးရိမ်) ဒါဏ်ရာရရှိခဲ့သည်။
EAOs များနှင့်ပူးပေါင်းပြီး ဖက်ဆစ်တပ်ချေမှုန်းရေး တိုက်ပွဲနေသည့် BPLAသည် ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးတွင် ဗမာဖက်ဒရယ်ယူနစ် (ဝါ) ဗမာပြည်/ပြည်နယ် သတ်မှတ်ပါ၀င်တည်ဆောက်ရေးကို တရား၀င်ထည့်သွင်းကြေညာသည့် သမိုင်းတွင်ပထမဆုံး ဗမာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ဖြစ်သည်။