fbpx

မောင်တောမြောက်ပိုင်းတွင်တိုက်ပွဲထပ်မံဖြစ်ပွားနေ

By MPA
 
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြော က်ပိုင်းတွင် ဖေဖော်ဝါရီလ ၇ ရက်၊ ယ နေ့နံနက်ပိုင်းအထိ ပစ်ခတ်သံများကိုကြားနေရသဖြင့် တိုက်ပွဲများထပ်မံဖြ စ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။
 
”ဒီနေ့လည်း သေနတ်သံတွေထပ်ကြားရပါတယ်။ တိုက်ပွဲထပ်ဖြစ်နေကြတယ်လို့ထင်ပါတယ်။ ဘယ်နေရာလဲဆိုတာတော့ အတိအကျမသိရပါဘူး။” ဟုဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
 
အဆိုပါနေရာမှာ မောင်တောမြို့နယ်မြောက်ပိုင်း ၊မင်္ဂလာညွန့်ကျေးရွာအ နောက်ဘက်တောထဲတွင်ဖြစ်ပြီး ယမန်နေ့၊ နေ့လယ် ၃ နာရီခန့်ကလည်း အကြမ်းဖက်စစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အေအေဖက်ကအတည်ပြုထားသည်။
 
“မြန်မာစစ်တပ်ဖက်ကနေပြီး ထပ်ပြီးထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေတာဖြစ်တယ်။ ဒီနေ့ မွန်းလွဲ ၃နာရီမှာ တိုက်ပွဲစဖြစ်တယ်။ ညနေ ၆ နာရီ ၁၅ မိနစ်လောက်မှ တိုက်ပွဲပြီးသွားတာပေါ့။ ဒါပေမယ့်လို့ မြန်မာစစ်တပ် ဘက်က လက်နက်ကြီးတွေနဲ့ ထပ်ပြီးတော့ ဆက်တိုက်ပစ်နေတာတော့ ရှိတယ်ဗျ။”ဟု ယမန်နေ့ညက ခိုင်သုခက MPA သို့ ပြောဆိုထားသည်။
 
ထိုနေရာတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း AA တပ်စွဲထားသည့်နေရာသို့ အကြမ်းဖက်စစ်တပ်၏ ခမရ(၃၅၂ ) စစ်ကြောင်းမှ ရုတ်တရက်ဝင်ရောက်ကာ လက်ဦးမှုယူပစ်ခတ်သည့်အတွက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။
 
ထိုအပြင် အကြမ်းဖက်စစ်တပ်ဖက်မှ ရခိုင်ရှိ အခြားမြို့နယ်များတွင်လည်း စစ်ရေးလှုပ်ရှားမှုများနှင့်ဒေသခံပြည်သူများအား စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
 
”ကျောက်တော်မြို့မှာ ညမထွက်ရအမိန့်ထုတ်လာသလို စစ်သားတွေမြို့ထဲထိဝင်ရောက်လှုပ်ရှားလာကြပါတယ်။ ဒေသခံတချို့ကို ခေါ်ယူမေးမြန်းတာတွေ ရှိနေပါတယ်။” ဟု ကျောက်တော်မြို့ခံ တစ်ဦးက MPA သို့ပြောသည်။
 
မောင်တောမြောက်ပိုင်းတွင် ယမန်နေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်က အရာရှိများအပါအဝင် အများအပြားသေဆုံးကြောင်းလည်း ဒေသခံများက ဆိုသည်။
 
ရခိုင်မှာတိုက်ပွဲများလက်ဆက်ဖြစ်ပွားလာနိုင်၊ မလာနိုင်ဆိုသည်မှာအကြမ်းဖက် စစ်တပ်အပေါ်မှာသာ မူတည်ကြောင်း ရက္ခိုင့်တပ်တော်(AA)ဖက်က MPA သို့ဖြေဆိုထားသည်။
 
( ရခိုင်ရှိ တိုက်ပွဲသတင်းများအား ဆက်လက်စုံစမ်းပြီး နောက်ထပ်ဖော်ပြပေးပါမည် )
 
ဓါတ်ပုံ​ – AA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: