fbpx

ထားဝယ်က သေနတ်နှင့်ပစ်သတ်ခံရသည့် ရေခဲစက်ပိုင်ရှင်အမှုဟာ LPDFတပ်ဖွဲ့နှင့်သက်ဆိုင်ခြင်းမရှိဟု ငြင်းဆို

By MPA
 
ထားဝယ်က သေနတ်နှင့်ပစ်သတ်ခံရသည့် ရေခဲစက်ပိုင်ရှင်အမှုဟာ LPDFတပ်ဖွဲ့ နှင့်သက်ဆိုင်ခြင်းမရှိဟု ငြင်းဆိုလိုက်သည်။
 
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ရက်နေ့၊နေ့လည် ၁၂နာရီခန့်ကတနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တွင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ ရိုးမဘဏ်အနီးရှိ သဟာယ လက်ဖက်ရည်ဆိုင် အရှေ့တွင် နယ်ခံရေခဲစက်ပိုင်ရှင် အမျိုးသားတစ်ဦး ကားပေါ်မှအဆင်း သေနတ်ဖြင့် အပစ်ခံရ ပြီး သေဆုံးသွားခဲ့သည်။
 
“ကျွန်တော်တို့ဘက်က လုပ်တာမဟုတ်ပါဘူး။ပြည်သူတွေက တစ်မျိုးထင်နေမှာစိုးတာ။အမှုမှန်ပေါ်ပေါက်အောင် တစ်ဖက်တစ်လမ်းက စုံစမ်းဖော်ထုတ်သွားမှာပါ”ဟု ဒေသခံ လောင်းလုံး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (LPDF)​၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
သေနတ်ဖြင့် ပစ်သတ်ခံရသူဟာ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေး ရွာအုပ်စု၊ ဝံတွင်းကျေးရွာမှာ နေထိုင်သည့် ရေခဲစက်ပိုင်ရှင် ကိုအောင်ကြီးဆိုသူဖြစ်ပြီး ကားပေါ်မှ အဆင်းသေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရကြောင်း ဒေသခံများ​၏ပြောဆိုချက်အရသိရသည်။
 
“ကားပေါ်က ဆင်းလာချိန်မှာ အနီးကပ်အပစ်ခံရတာ။ သေနတ်သံ တချက်ပဲ ကြားတယ်။ နောက်တော့ သွေးအိုင်ထဲလဲနေတာတွေ့ရတယ်။ခနကြာတော့ လူနာတင်ယာဉ်လာသယ်သွားတယ်” ဟု မျက်မြင်သက်သေတစ်ဦး​၏ပြောသည်။
 
သေနတ်နှင့် အနီးကပ်ပစ်သတ်ခံရမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး လူနာတင်ယာဉ်ဖြင့် သယ်ဆောင်ကာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း ပွဲချင်းပြီးသေဆုံးနှင့်နေပြီဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
 
“ပစ်ခံရပြီးတော့ သွေးအိုင်ထဲလဲနေတာ။ဘယ်သူမှလဲ သွားမလုပ်ပေးရဲဘူး။ရဲတွေအများကြီးရောက်လာပြီး လူနာတင်ကားပေါ်သယ်သွားဇ။သေနေပြီ။ရဲတွေလာတော့ ဘယ်သူမှ မကြည့်ရဲလို့ပုန်းနေကြတာ။ညနေကျ စစ်သားတွေလာပြီး CCTVလာစစ်ကြတယ်”ဟု အခင်းဖြစ်ရာ နေရာအနီးမှာ နေထိုင်သူတစ်ဦးကပြောသည်။
 
လက်ရှိမှာ ကိုအောင်ကြီးကို သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားသူအား အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာအနီးရှိ ဗိုလ်ချုပ်လမ်းနှင့် ရိုးမဘဏ်အနီးအနားရှိ CCTVတပ်ဆင်ထားသည့်အိမ်များမှ မှတ်တမ်းများကို လိုက်လံစစ်ဆေးရယူနေကြောင်း စုံစမ်းရရှိသည်။
 
#MPA #ထားဝယ#LPDF #Myanmar #သတ်ဖြတ်ခံရ

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: