fbpx

ဘားအံတက္ကသိုလ်မှ ကျောင်းသားကိုးဦးကို တစ်နှစ်နီးပါးဖမ်းဆီးပြီးမှ ထောင်ဒဏ်၁၂နှစ်အမိန့်ချကာအရေးယူ

By MPA
ဘားအံတက္ကသိုလ်မှကျောင်းသားကိုးဦးကို တစ်နှစ်နီးပါးဖမ်းဆီးပြီးမှ ထောင်ဒဏ်၁၂နှစ်အမိန့်ချကာ အကြမ်းဖက်စစ်ကောင်စီက အရေးယူခဲ့သည်။
ပြီးခဲ့သည့်၂၀၂၁ခုနှစ်၊မတ်လ ၂၈ရက်နေ့က ဘီးလင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ​၏ မတရားဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ကျောင်းသား ၉ဦးကို ယမန်နေ့ဖေဖော်ဝါရီလ၁၀ရက်နေ့က ဘားအံခရိုင်တရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့် ကျောင်း သားကိုးဦးဟာ စောမင်းစိုး(First Year သတ္တဗေဒ)၊မင်းသူအောင်(Second Year zoology)၊ အောင်​ကျော်မင်း(Second Year Philosophy)၊ရဲထွဋ်​ခေါင်(Second Year History)၊ စေမာန်မှူး(B.Sc Zoology)၊ ဇော်ဝင်းထွဋ် (Second Year Chemistry)၊ဟန်ဇော်မျိုး(First year Myanmar)၊ မျိုးမြန်မာအောင်(ပထမနှစ် သတ္တဗဒေ)နှင့် ချစ်ဝင်းထွန်း(First Year Zoology)တို့ဖြစ်ကြောင်း ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ​၏ တာဝန်ရှိသူတစ်ဦးကရှင်းပြပါသည်။
“အားလုံးက တူညီပြစ်ဒဏ်တော့ဟုတ်မနေဘူး။တချို့က ၁၃နှစ်ချမှတ်ခံရတယ်။တချို့က ၁၂နှစ်ချခံရတယ်။တရားမဝင်ပို့ကုန်သွင်းကုန်သုံးစွဲမှုနဲ့ပါ မတရားအမှုတင်ခံရတယ်”ဟု ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ​၏ တာဝန်ရှိသူတစ်ဦးကရှင်းပြပါသည်။
ဘားအံခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့သည့် ယမန်နေ့ မနက်ပိုင်းက အမိန့်ချမှတ်မှုတွင် ဘားအံတက္ကသိုလ်မှ ကျောင်းသား၉ဦးနှင့်အတူ ကားမောင်းနှင်သည့် ကားဆရာ ဦးဝင်းကိုကိုလတ်ဆိုသူလည်း ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံခဲ့ရကြောင်းသိရသည်။
“သူတို့က မတရားဘူး။ကလေးတွေကိုဖမ်းထားတာ နှစ်ချီနေပြီ။အခုမှ အမိန့်ချတာ။ပြီးတော့ မတရားအမှုဆင်သေးတယ်။သေနတ်ကိုင်ပြီး အုပ်ချုပ်နေတဲ့ခေတ်မို့ ပြည်သူတွေကငြိမ်နေရတာ”ဟု ဘားအံမြို့မှာနေထိုင်သူတစ်ဦးကပြောပါသည်။
လက်ရှိမှာ အထက်ပါကျောင်းသားကိုးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(က)၊ ပုဒ်မ- ၁၂၄ (ဂ)၊တရားမဝင်ပို့ကုန်သွင်းကုန်သုံးစွဲမှုပုဒ်မ-၈ တို့ဖြင့် ထောင်ဒဏ် ၁၂ နှစ်နှင့် ၁၃ နှစ်စီအသီးသီးအမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: