fbpx

ကမ္ဘာ့အမွေအနှစ်စာရင်းအဆိုပြုလွှာအတွက် မြောက်ဦးမြို့ကို အကြိုကွင်း လေ့လာနေ

This slideshow requires JavaScript.

By MPA 
 
ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းထား သော မြောက်ဦးရှေးဟောင်းနယ်မြေသို့ အကြိုကွင်းဆင်းလေ့လာမှုများကို ဖေ ဖော်ဝါရီလ ၉ ရက်နေ့စတင်ပြုလုပ်နေကြောင်း မြောက်ဦးရှေ/သုမှ သိရသည်။
 
အဆိုပါမြောက်ဦးမြို့၏ရေအသုံးချမှုစနစ်ကို အီတလီနိုင်ငံသား၊ရေအသုံးချမှုဆိုင်ရာပညာရှင်Professor Massimo Sarti က ရှေ့ပြေးကွင်းဆင်းလေ့လာမှုအဖြစ် တစ်ပတ်ကြာလေ့လာသွားမည် ဖြစ်ကြောင်းဆိုသည်။
 
“အဲဒီနေရာတွေ ပျက်စီလား၊မပျက်စီးဘူးလားဆိုတာကို လိုက်ပြီးတော့ ပညာ ရှင်နဲ့ စစ်ဆေးနေတာပါ။အသိအမှတ်အ ပြုခံရဖို့ အထောက်အပံ့ဖြစ်ဖို့အတွက်ပေ့ါ။ပြီးရင် သူ(ပညာရှင်)ရဲ့အကြံပြုချက်အတိုင်း ပြင်စရာတွေ ပြင်မှာ ပေ့ါနော်။” ဟု မြောက်ဦးရှေး/သုညွှန်မှူး ဦးကြည်ခင်က ပြောသည်။
 
ထိုမြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး အဆိုပြုလွှာမူချောကို ၂၀ ၂၀ ခုနှစ်၊ဇန်နဝါရီလအတွင်းက တင်သွင်းခဲ့သော်လည်း နယ်မြေမတည်ငြိမ်ခြင်း၊ကိုဗစ်၁၉ ကပ်ရောဂါဖြစ်ပွားမှုတို့ကြောင့် နောက်ဆက်တွဲဆောက်ရွက်ရမည့်လုပ်ငန်းစဥ်များကို ဆိုင်းငံ့ထားခဲ့ရကြောင်း သိရသည်။
 
ထိုအပြင်မြောက်ဦးရှေးဟောင်းယဉ် ကျေးမှုနယ်မြေအတွင်း စည်းကမ်းမဲ့အ မှိုက်စွန့်ပစ်ခြင်း၊တောတောင်များ ကို ဖြိုဖျက်မြေတူးခြင်း၊ချောင်းများကို ဆ ည်ဖို့နေအိမ်ဆောက်ခြင်း၊ချောင်းများ တွင် အမှိုက်များကိုစည်းကမ်းမဲ့စွန့်ပစ်ခြင်းကမြောက်ဦးကို ကမ္ဘာ့အမွေအနှစ် စာရင်းအသိအမှတ်ပြုခံရရေးအတွက် အနှောက်အယှက်ဖြစ်စေကြောင့်ပညာ ရှင်းက ထောက်ပြကြသည်။
 
ထိုမြောက်ဦးတွင် ရှေးဟောင်းဘုရားပု ထိုးများအနီး ကျူးကျော်အဆောက်အ ဦးများက မြင်ကွင်း (Landscape)ကို ထိခိုက်နေကြောင့်လည်း ဆိုသည်။
 
”ယူနီစကိုဝင်ဖို့ဆိုရင်အဲဒီလိုကျူး ကျော်မှုတွေနဲ့ ဆောင်ရွက်နေမယ်ဆိုရင် မရဘူးလေ။အဲဒါကြောင့်မို့လို့ ဒေသခံ တွေရော၊ ဌာနဆိုင်ရာတွေရော အကုန် လုံးပူးပေါင်းပါဝင်ရင် ဒီကိစ္စကြီးက အောင်မြင်မှာပဲလေ။” ဟု ဦးကြည်ခင်က ဆက်ပြောသည်။
 
ထိုမြောက်ဦးရှေးဟောင်းနယ်မြေကိုအ ပြီးသတ်အဆိုပြုလွှာမူချောကို ပြီးခဲ့သ ည့် ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလ ၃၀ ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်ဖြစ်သည်။
 
ထိုမြောက်ဦးရှေးဟောင်းယဥ်ကျေးမှု နယ်မြေကိုလာမည့် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းပြင်သစ်နိုင်ငံ၊ပါရီမြို့တွင်ကုလ သမဂ္ဂပညာရေးသိပ္ပံနှင့်ယဥ်ကျေးမှုအညဖွဲ့ (UNESCO)၏ ပုံမှန်ကျင်းပပြုလု ပ်သည့် အစည်းအဝေးတွင် ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်မဝင်ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
 
#MPA #Myanmar #မြောက်ဦး #ယူနက်စကို

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: