fbpx

PDF(Kalay)နှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးထား သော မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူနှင့် သုံးစွဲသူများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က တရားစီရင်မည်ဟုဆို

{ English Below }
By MPA
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း PDF(Kalay)၊ ကလေးပြည်သူ့ရဲတပ်ဖွဲ့(KPS) ၊ နတ်မြောင်းကျေးရွာကာကွယ်ရေးနှင့် နတ်ချောင်း ကျေးရွာကာကွယ်ရေးအဖွဲ့ စသည့်ပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးအရေးယူထားသော မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချနေသူများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပအဖ)က တရားစီရင်မည်ဟု သိရသည်။
ကလေးမြို့နယ်တွင်းရှိ ကျေးရွာအချို့သို့ မူးယစ်ဆေးဝါးရှာဖွေရာ မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးရောင်းချနေသူ(၄)ဦးနှင့်သုံးစွဲသူ(၅)ဦး စုစုပေါင်း(၉)ဦးကို သက်သေခံမူးယစ်ဆေးဝါးများနှင့် အတူ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။
“ NUG က ချမှတ်ပေးတဲ့မူဘောင်အတိုင်း ဖက်ဒရယ်လမ်းစဉ်ကိုသွားတော့တာ ဖြစ်တဲ့ အတွက်ကြောင့် ရပ်ရွာကာကွယ်ရေးအဖွဲ့ရဲ့အထက်မှာ ရပ်ရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ရှိမယ်။ မြို့နယ် (ပအဖ)ကတော့ တရားသူကြီးပုံစံမျိုးဖြစ်မယ်။ ပုဂ္ဂိုလ်(၅)ဦးက တရားစီရင်ချက် ချမှတ်မှာဖြစ်တယ်။ကာကွယ်ရေးအဖွဲ့ကတော့ အုပ်ချုပ်ရေးမှာ မပါတော့ ဘူး။ ပအဖ ရဲ့လက်အောက်ကနေသွားတော့မှာပါ။ တရားစီရင်ရေးပိုင်းကို မြို့နယ် ပအဖနှင့် ရပ်ရွာ ပအဖနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ ´´ ဟု နတ်ချောင်းကျေးရွာကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။

This slideshow requires JavaScript.

ရပ်ရွာများအတွင်းမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချခြင်း၊ သုံးစွဲခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ မူးယစ်သောက်စားဆူပူခြင်းတို့ကို လုံးဝခွင့်မပြု ကြောင်း နတ်ချောင်းကျေးရွာကာကွယ်ရေး အဖွဲ့၏Facebook Page မှနေ၍ တရားဝင်စာထုတ်ပြီး ကြေညာခဲ့ကြောင်း၊ မြေပြင်အခြေနေတွင်လည်း စာများကိုလိုက်ကပ်ပြီး ကြေညာသတိပေးခဲ့ပြီးမှ ယခုကဲ့သို့ ဖမ်းဆီးအရေးယူကြောင်း သိရသည်။
ကျေးရွာများတွင် ဆိုင်ကယ်ခိုးမှုများ၊ အခြားပြဿနာ များ ရှိခဲ့ပြီး ငွေဒဏ်ပြစ်ဒဏ်၊ ခံဝန်ကတိ လောက်ဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း မူးယစ်ဆေး ဝါးသုံးစွဲသူ တော်တော်များများသည် မူးယစ်ဆေးမရ တော့ဘူးဆိုပါက ရွာထဲတွင် ခိုးဆိုးလုနှိုက်များ ဖြစ်လာကြောင်း၊ ဆေးဆာလွန်းသည့်အချိန်တွင် ဒမြတိုက် လူသတ်မှုတွေအထိဖြစ်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါးများကို လွယ်လွယ်ကူကူ ရနေပါက နောက်ထပ် လူငယ်များပါဆေးစွဲပျက်စီးလာနိုင်ခြင်း တို့ကြောင့် ရာဇဝတ်မှုတွေကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်လိုဥပဒေနဲ့စီရင်မှာလဲဆိုတော့ Kalay Police Service(KPS)၊ မြို့နယ် ပအဖ တို့ပူးပေါင်းပြီး ရဲလုပ်ထုံးလုပ်နည်းတွေ၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေ၊ ပြီးတော့ NUG ကချမှတ်ပေးတဲ့ မူဘောင်တွေလည်းရှိတော့ အဲဒီမူဘောင်တွေကိုကိုးကားပြီးတော့ စီရက်ချက်ချမှတ်ကြမှာပါ။
ထိန်းသိမ်းထားတဲ့အချိန်မှာ သူတို့ရဲ့စိတ်တွေ ပြောင်းလဲသွားဖို့ပါ။ သတ်ဖို့ပြုဖို့ အစီအစဉ်မရှိပါဘူး။ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ အဆောက်အဦဆောက်တဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တတ်တဲ့စိတ်တွေ ထည့်ပေးမယ်။ အဲဒီလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးဖို့ စိတ်ကူးတယ်။ သူတို့ပြန်သွားရင် အဲဒီမူးယစ်ဆေးဝါးစိတ်တွေ ပျောက်သွားဖို့ အတတ်နိုင်ဆုံးလုပ်ပေးဖို့ စိတ်ကူးပါတယ်´´ ဟု Local Defence Force(LDF-Kalay) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မူးယစ်ဆေးဝါးဖြန်ဖြူးရောင်းဝယ်ခြင်းနှင့်သုံးစွဲခြင်းတို့ ကြောင့်ဖမ်းဆီးထိန်းသိမ်းခံထားရသည့်သူများ၏ အမည်နှင့်နေရပ်များကိုမူ မဖော်ပြသေးကြောင်း၊ ဖမ်းဆီးခံထားရသူများကို ထိန်းသိမ်းသည့် အချုပ်ခန်းများကို စနစ်တကျစီမံထားကြောင်း သိရသည်။
{ English Version }
Township Administration will Judge Drug Distributor and Users Arrested by PDF (Kalay) and Coalition Force
Drug distributors and sellers who were arrested by a coalition of PDF (Kalay), Kalay Police Service (KPS), Nat Myaung village defense and Nat Chaung village defense groups in Kalay township of Sagaing region will be judged by the township administration.
Four drug dealers who were distributing drugs in some villages within Kalay twonship and five users – 9 in total – were arrested and detained on February 12 of 2022 along with items of drugs.
“As the federal way has been chosen in accordance with the frameworks set by the NUG, there is the village people’s administration above village defense group. The township administration will be like the judge. Five persons will be convicted. The defense is no longer with administration. It will go under the people’s administration. Judiciary will be carried out jointly by the township people’s administration and village administration”, said a spokesperson of Nat Chaung village people’s defense group.
Nat Chaung village defense force has officially issued an announcement via the group’s Facebook page that drug distribution, use, gambling and drunkenness are strictly prohibited in the villages and arrests were made only after also posting warning letters on the ground.
There have been cases of stealing motorbikes and other issues and even though they were released with financial fines and pledges, the majority of drug users would commit stealing, robbing when they have run out of drugs. When they are hungry too much for drugs, they might even commit murders and if drugs were easily available, more youths could be destroyed; so they were arrested and detained in an attempt to prevent crimes.
“They will be judged according to the rules of Kalay Police Service (KPS), together with the township heads, according to the police principles, international principles and as there are also frameworks set by NUG. So the judging will be done depending on all these frameworks. So that their minds will change during the detainment. We have no plans to execute. We will instill in them a spirit of working for social activities, in construction works and the ability to work in partnerships. We plan to do these transformations. We plan on helping them get rid of these drugs off their minds once they return”, said an official from Local Defence Force (LDF-Kalay).
The details of those arrested and detained on drug distribution and selling have not been revealed and detention centers are systematically managed for the detainees.

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: