fbpx

၈၈မျိုးဆက် (ငြိမ်းချမ်း​ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ မနုနု​အောင် နှင့် မခက် ဖမ်းဆီးခံရ

By MPA
၈၈မျိုးဆက် (ငြိမ်းချမ်း​ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ​​တောင်သူလယ်သမား​ရေးရာဌာန မှ မနုနု​အောင် နှင့်အမျိုးသမီးနှင့် က​လေးသူငယ်​ရေးရာဌာနမှ မခက်ခက် တို့ကို ၂၀၂၂ခုနှစ် ဧပြီလ ၂၆ရက်​နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့ တွင် အကြမ်းဖက်စစ်​ကောင်စီ မှ ဖမ်းဆီးခဲ့သည်။
မနုနု​အောင် နှင့် မခက်ခက် ၏ ကျန်းမာ​ရေးအ​ခြေအ​နေ​ကောင်းမွန်ခြင်း မရှိ​သော​ကြောင့် ​ဆေးကုသမှုခံယူရန် ဘားအံမြို့သို့ ​ရောက်ရှိ​နေစဥ် အကြမ်းဖက်စစ်​ကောင်စီက ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း အဖမ်းမခံရခင် အတူရှိခဲ့သူတစ်ဦးကဆိုသည်။
“ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးပြောရရင် အဖမ်းခံရတဲ့သုံးယောက်မှာတစ်ယောက်ကအာရုံကြောထိထားတယ်။ ကြာကြာမထိုင်နိုင်လို့ဆေးကုသွားတယ် နေမကောင်းတဲ့လူနာတစ်ယောက်ကိုဖမ်းသွားတာဟာ အတော်ကြီးကိုလူမဆန်လွန်းရာကြပါတယ်။” ဟု မနုနုအောင်တို့နှင့် နီးစပ်သူတစ်ဦးကဆိုသည်။
မိခင်၏ ကျန်းမာ​​ရေးအတွက် ​ဆေးကုသရန် အတူ လိုက်ပါလာ​သော မခက်ခက်၏ သားဖြစ်သူ ကိုမြတ်သူမှာလည်း ထို​နေ့တွင် မနုနု​အောင်၊မခက်ခက်တိူ့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းဆီးခံရပြီးချိန်မှစ၍ မိသားစု၊ အဖွဲ့အစည်း တို့နှင့် အဆက်အသွယ် ရရှိခြင်းမရှိ​သေးပဲ မည်သည့်​နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရှိ​ရပါ။
မနုနု​အောင် နှင့် မခက်ခက် တို့၏ ကျန်းမာ​ရေးမှာ စိုးရိမ်ရသည့် အ​ခြေအ​​နေတွင်ရှိ​နေပြီး ၎င်းတို့ ၃ဦးစလုံးနှင့် အဆက်အသွယ် ပြတ်​တောက်​နေသည့်အတွက် သုံးဦးစလုံး၏ လုံခြုံ​ရေးနှင့် အသက်အန္တရာယ်ကို စိုးရိမ်​နေရကြောင်း နီးစပ်သူတစ်ဦးကဆိုသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: