fbpx

ရန်ကုန်တွင် လုံခြုံရေးကင်းအကြောင်းပြကာ တစ်ရက်ရှစ်ထောင်စားစရိတ်ငြိမ်းပေးကာ ပြည်သူ့စစ်ပုံစံဖြင့် အကြမ်းဖက်စစ်ကောင်စီ လူသစ်စုဆောင်းနေ

By 007 / MPA
 
ရန်ကုန်တွင် လုံခြုံရေးကင်း အကြောင်းပြကာ တစ်ရက်ရှစ်ထောင်စား စရိတ်ငြိမ်းဖြင့် ပြည်သူ့စစ်အမည်ခံ အကြမ်းဖက်ကောင်စီလုပ်အားပေးသမားများစုဆောင်းနေကြောင်း သိရသည်။
 
“တစ်ရက်ရှစ်ထောင်စားစရိတ်ငြိမ်းအုပ်ကြီးရှင်းမယ်။ PDFတွေထဲကသေချာအတိအကျသတင်းပေးရင် ဖမ်းမိရင်တစ်သိန်းရမယ်။ မြို့နယ်အုပ်ချုပ်ရေးမှုးတွေနောက်ကြောင်းရှင်းပေးမှခန့်တယ်။ သူတို့ထောက်ခံချက်လိုတယ်”ဟု စစ်ဖက်ဆိုင်ရာထောက်လှမ်းရေးလုပ်နေသူတစ်ဦးကပြောသည်။
 
တောင်ဒဂုံ၊မြောက်ဒဂုံ၊ လှိုင်သာယာနှင့်ရွှေပြည်သာအပါအဝင် ဆင်ခြေဖုံးမြို့နယ်များမှ ခိုး၊ဆိုး၊လုနှိုက်များကို ဦးစားပေးစုဆောင်းနေခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်များရန်ကုန်မြို့အတွင်း ညပိုင်းကင်လှည့်ချိန်တွင် လိုက်ပါရမည်ဖြစ်သည်။
 
အဆိုပါ ပြည်သူ့စစ်များကို စားစရိတ်ငြိမ်း တစ်ရက်ရှစ်ထောင်ကျပ်ပေးမည်ဖြစ်လို ယူနီဖောင်းအနေဖြင့် အစိမ်းရောင်ဝတ်စုံ သုံးစုံပေးမည့်ဟုသိရှိရပြီး ယင်းအပြင် မိသားစုလုံခြုံရေးအတွက် စိတ်မချရမပါက မြို့နယ်ရဲစခန်း၊ စစ်တန်းရားနှင့် ထွေ/အုပ်အိမ်ရာများတွင် မိသားစုလိုက်ပြောင်းနေရန်စီစဉ်ပေးမည်ဟုလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များက ပြောဆိုစည်းရုံးကြသည်။
 
“စသုံးလုံးတွေကိုပါလူ စုခိုင်းတာမျိုးတွေလုပ်တယ်။ စစ်ကောင်စီကထင်ရာလုပ်နေတာ”ဟု ရန်ကုန်ရှိ စသုံးလုံးအရာရှိတစ်ဦးကဆိုသည်။
 
ရန်ကုန်မြို့နယ်အများစုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်လုံခြုံရေးကင်းစောင့်ရန်ဟုအကြောင်းပြကာ အသက်အရွယ်အကန့်အသတ်မရှိ စုဆောင်းရန်ညွန်ကြားထားကြောင်းသိရသည်။
 
“လွတ်ငြိမ်းနဲ့လွတ်လာတဲ့ဇိုးဘဲတွေကိုစစ်အုပ်စုကစပြီး လူသစ်စုတာမျိုးလုပ်တယ် ။ ကျောင်းသားတွေကိုတော့ တဆင့်ခံလူစုခိုင်းတာမျိုးလုပ်တယ်။ ”ဟု တောင်ဒဂုံမှ နာမည်ကြီးလူမိုက်တစ်ဦးက အတည်ပြုပြောဆိုခဲ့သည်။
 
လက်ရှိတွင် ရန်ကုန်တွင်ပျူစောထီးအသွင် လူသစ်စုဆောင်းခြင်းဖြစ်ပြီး မုံရွာ၊ ကျောက်ဆည်နှင့် အခြားဒေသများတွင်ပျူစောထီးခေါ်ပြည်သူစစ်များစုဆောင်းခဲ့ကြောင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့PDFအဖွဲ့ဝင်တစ်ဦးကပြောသည်။
 
#ပျူစောထီး #ပြည်သူ့စစ် #လူသစ်စုဆောင်း #MPA #Myanmar
 

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: