fbpx

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ၏ အလုပ်သမားနေ့ ဆန္ဒပြပွဲ

Photo – Aung Naing Soe / MPA
ထိုင်းရောက်မြန်မာပြည်သူများသည် မေလ ၁ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် အလုပ်သမားနေ့အား ဂုဏ်ပြုသည့်အနေဖြင့် လူအင်အား၇၀၀ကျော်(ခန့်မှန်းခြေ)ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပသူနန်းစင်ထမ်းဝေါအရှေ့တွင် စစ်အာဏာရှင် အမြစ်ပြုတ်ကျရေးအတွက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဆန္ဒပြတဲ့အဓိကရည်ရွယ်ချက်ကတော့အားလုံးသိတဲ့အတိုင်းပေါ့စစ်အာဏာရှင်အမြစ်ပြုတ်ဖို့ပြီးတော့ကျွန်တော်တို့ရဲ့ထိုင်းရောက်မြန်မာပြည်သူ ပြည်သားတွေကလည်း သွေးမအေးကြဘူးဆိုတဲ့ အကြောင်းပြစေချင်လို့ အမြဲတမ်း ပုံမှန်လှုပ်ရှားနေတယ်ဆိုတာကိုလည်း ပြချင်လို့ပါ”ဟုဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ၊ ​စစ်အာဏာရှင်ဆန်ကျင်သူများ နှင့် ထိုင်းလူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
#MPA#Thailand#military#coup#Mayday

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: