1 May 2022 by MPA
အကြမ်းဖက်စစ်ကောင်စီဟာ အဆိုတော် ချမ်းချမ်းရဲ့ နေအိမ်ကို မတရားချိတ်ပိတ်ပြီး ဒီကနေ့မှာပဲ အိမ်ဖွင့် ရောင်းစားဖို့ ကြိုးပမ်းနေတယ်လို့ ချမ်းချမ်းက ယနေ့ မေ ၁ ရက်နေ့မှာ သူ့ရဲ့ Facebook စာမျက်နှာကနေ အသိပေးလိုက်ပါတယ်။
အဆိုတော် ချမ်းချမ်းရဲ့ အသိပေးချက်မှာ ဝယ်ယူသူအနေနဲ့ တရားဝင်ဖြစ်လာမှာမဟုတ်ဘဲ တော်လှန်ရေးပြီးတဲ့အချိန် သူ့အနေနဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်ရယူတဲ့အခါ ဝယ်ယူသူအနေနဲ့ အလကားဖြစ်သွားလိမ့်မှာဖြစ်ကြောင်း အသိပေးထားပါတယ်။
အဆိုတော် ချမ်းချမ်းရဲ့ Facebook စာမျက်နှာမှာ “ကျမရဲ့ သန်လျင်အိမ်ကို စစ်ကောင်စီက မတရားချိတ်ပိတ်ပြီးအခုပဲ အိမ်ဖွင့်ပြီး ရောင်းစားဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီအိမ်ကို မဝယ်ကြပါနဲ့”လို့ ရေးတင်ပြီး အသိပေးထားပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို လိုက်လံ ချိတ်ပိတ်ပြီး ဆက်တိုက်ဆိုသလို မတရားသိမ်းပိုက်နေခဲ့တာဖြစ်ပါတယ်။
Photo – Chan Chan fb