fbpx

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ကမ္ဘာလုံးဆိုင်ရာ ညီလာခံကို မေလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပမည်

3 May 2022 By MPA
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ကမ္ဘာလုံးဆိုင်ရာညီလာခံကို ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
ညီလာခံကို ယူနက်စကိုနှင့် ဥရုဂွေးသမ္မတနိုင်ငံတို့က ဦးစီးပြုလုပ်သွားမည်ဖြစ်ပြီး ဥရုဂွေးနိုင်ငံ၊ Punta Del Este တွင် ကျင်းပသွားမည်ဖြစ်သည်။
ယခုနှစ်၏ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အတွက် ဆောင်ပုဒ်အဖြစ် “JOURNALISM UNDER DIGITAL SIEGE”လို့ အမည်ပေးထားပြီး ဒစ်ဂျစ်တယ်ခေတ် စိန်ခေါ်မှုအောက်က သတင်းစာပညာ၏ အခန်းကဏ္ဍကို အဓိကထား ထည့်သွင်းဆွေးနွေး ကျင်းပသွားမည်ဖြစ်သည်။
ဒါ့အပြင် ယင်းဆောင်ပုဒ်အောက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသမားများ၏ ဘေးကင်းမှု၊ သတင်းရယူခွင့်နှင့် ကိုယ်ရေးကိုယ်တာအပေါ် ဒစ်ဂျစ်တယ်ခေတ်၏ အကျိုးသက်ရောက်မှု များစွာကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။
မေလ ၃ ရက်နေ့သည် သတင်းမီဒီယာသမားများအကြား လွတ်လပ်ခွင့်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို ရောင်ပြန်ဟပ်သည့် နေ့တစ်နေ့ဖြစ်သည်။
ဒါ့အပြင် ကတိကဝတ်ဆိုင်ရာများအတွက်ပါ အရေးပါသည့် နေ့ဖြစ်ပြီး သတင်းလိုက်ရင်း အသက်ဆုံးရှုံးခဲ့ရသည့် သတင်းထောက်များအတွက် အမှတ်တရနေ့လည်း ဖြစ်သည်။
ဒါကြောင့် ညီလာခံတွင် မူဝါဒချမှတ်သူများ၊ သတင်းသမားများ၊ မီဒီယာကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဆိုက်ဘာလုံခြုံရေးမန်နေဂျာများနှင့် ဥပဒေရေးရာကျွမ်းကျင်သူများကဲ့သို့ပညာ ရှင်များအားလုံး ဆုံစည်းကြမည်ဖြစ်ပြီး ပြဿနာများကို စူးစမ်းလေ့လာကာ သတင်းလွတ်လပ်ခွင့်နှင့် ခြိမ်းခြောက်မှုများကို တိုးမြှင့်ဆောင်ရွက် ဖြေရှင်းပြီး ခိုင်မာသောအဖြေများ ဖော်ဆောင်နိုင်ရန် ဆွေးနွေးကြိုးပမ်းသွားမည်ဖြစ်သည်။
Photo – unesco

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: