4 May By MPA/007
ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးမှုပြုလုပ်ပြီး တစ်စီးလျှင် ကျပ်တစ်သိန်းတောင်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ ရဲများက အင်အားအလုံးအရင်းဖြင့် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးနေခြင်းဖြစ်သည်။
“ဘေးတွဲပါဖမ်းတာ။ စားဝတ်နေရေးအတွက် လုံးပမ်းရတာ။ အုံနာကြေးအပြင် ဆိုင်ကယ်ရွေးခပါ ပိုကုန်တယ်”ဟု တောင်ဒဂုံမြို့နယ်က ဆိုင်ကယ်ဘေးတွဲသမားတစ်ဦးက MPA ကို ပြောသည်။
ဆိုင်ကယ် ဘေးတွဲမောင်းသူတစ်ယောက်သည် တစ်ရက်လျှင် နှစ်ထောင့်ငါးရာကျပ်နှုန်းဖြင့် အုံနာကြေးပေးသွင်းရပြီး ကျန်ငွေကို မိသားစုအသုံးစရိတ်အဖြစ် အသုံးပြုရသည်။
“ပိုက်ဆံလိုချင်လို့ဖမ်းတာ။ ဘာ PDF မှလဲမမိဘူး။ မအလခွေးတွေ”ဟု ဆိုင်ကယ်ဘေးတွဲသမားက ဆက်ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေအရ အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အလွှာပေါင်းစုံက ပြည်သူများအနေဖြင့် စီးပွားကျပ်တည်းမှု ဒဏ်ကို ခါးစည်း ခံစားနေကြရပြီး လူမှုရေးနှင့် လုံခြုံရေးအတွက်ပါ အာမခံချက်မရှိဘဲ ဖြစ်နေရသည်။
Photo – MPA