fbpx

လက်ပံတောင်းတောင်စီမံကိန်း အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ ၁၅ ဦးခန့်ဒဏ်ရာရ

4 May 2022 By MPA/007
စစ်ကိုင်းတိုင်းအတွင်း၌ အကြမ်းဖက်စစ်အုပ်စုနှင့် တရုတ်ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ အင်အားဖြည့်တင်းရန်လာသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ချင်းတွင်းရိုးမ မဟာမိတ် တပ်ပေါင်းစုမှ ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ နှစ်ဦးသေ၊ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယနေ့ မေလ ၄ ရက်နေ့တွင် ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။
မုံရွာကွန်ပျူတာ တက္ကသိုလ်မှ ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ ကား ၃ စီးကို စံပယ်အိမ်ယာအနီးအရောက် NRF၊ Alpha Special Force၊ Tripple Two နှင့် Chindwin Galon Yarzar အဖွဲ့တို့က မိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီဘက်က ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဆားလင်းကြီးမှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ ကားတစီးကိုလည်း ဒူးထောက်ရွာအနီးမှာ ဒေသခံ PDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက် စစ်ကောင်စီ နှစ်ဦး သေဆုံးခဲ့ပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့သည်။
တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီမှ လုပ်ဆောင်နေသည့် လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းကို ရပ်ဆိုင်းရန် ဆာလင်းကြီးနှင့် ယင်းမာပင်ရှိ PDF ၁၆ ဖွဲ့က သတိပေးပြီးနောက် အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးအင်အား တိုးမြှင့်နေခြင်းဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီဘက်က မိုင်းခွဲ တိုက်ခိုက်ခံရတာတွေခံရပြီးနောက် လက်ပန်းတောင်းတောင်တဝိုက်တွင် အကြမ်းဖက် စစ်ကောင်စီဘက်မှာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေကြောင့် ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်အသိပေးသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: