fbpx

အရှေ့ဘက်ကမ်းရိုးတန်းပင်လယ်ပြင်သို့ မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်

4 May 2022 By MPA
မြောက်ကိုရီးယားနိုင်ငံသည် အရှေ့ဘက်ကမ်းရိုးတန်းပင်လယ်ပြင်သို့ ပဲ့ထိန်းဒုံးကျည်တစင်း ယနေ့ မေလ ၄ ရက်နေ့တွင် ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားအာဏာပိုင်တွေက ထုတ်ပြန်အသိပေးခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းခဲ့သည့် စစ်ရေးပြအခမ်းအနားတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ၎င်းတို့၏ နျူကလီးယားစီမံကိန်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့၏ နိုင်ငံအပေါ် ဖိအားပေးမှုတွေအတိုင်း အပြိုင်ဖြစ်နေမည်ဟု အသိပေးထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုသည် ယခုနှစ်အတွင်း ၁၄ ကြိမ်မြောက်ဖြစ်ပြီး လာမည့် မေလ ၁၀ ရက်နေ့တွင် တောင်ကိုရီးယားသမ္မတအသစ်အဖြစ် ရွေးချယ်ထားသည့် သမ္မတ Yoon Suk Yeol ရာထူးလွှဲမယူမီ စမ်းသပ်ပစ်လွှတ်ခြင်းလည်း ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ၏ ယခုလို ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယားစစ်တပ်ဘက်က စောင့်ကြည့်ခြေရာခံနိုင်ခဲ့ပေမယ့် ဒုံးကျည်နှင့် ပတ်သက်သည့်အချက်အလက်များကို မသိရှိနိုင်သေးဘဲ ရှိနေသည်။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ယနေ့ မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုအတွက် အတည်ပြုခဲ့သည်။
အမေရိကန် ပြည်ထောင်စုနှင့် နျူကလီးယားအရေး ဆွေးနွေးမှု ရပ်တန့်နေချိန်အတွင်း မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံအတွင်း စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ် ကြုံနေရသည့်ကြားက နျူအဆင့်မြှင့်လက်နက်များကို ထီထွင် ထုတ်လုပ် စမ်းသပ်လျက်ရှိသည်။
တောင်ကိုရီးယားစစ်တပ်ဘက်က မြောက်ကိုရီးယားနိုင်ငံ၏ နျူလက်နက် စမ်းသပ်ပစ်လွှတ်မှုများအတွက် မျက်ခြည်မပြတ် စောင့်ကြည့်နေမှာဖြစ်ကြောင်း ထုတ်ပြန်အသိပေးခဲ့သည်။
Photo – Reuters

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: