fbpx

CDF မင်းတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီဘက် ၅ ဦးသေဆုံး

4 May 2022 By MPA
ချင်းပြည်နယ်တွင် CDF မင်းတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း CDF မင်းတပ်၏ သတင်းပြန်ကြားပေ့ချ်မှ တရားဝင် ထုတ်ပြန်အသိပေးသည်။
ယနေ့ မေလ ၄ ရက်နေ့တွင် ဖြစ်ခဲ့သည့် တိုက်ပွဲသည် နှစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး CDF မင်းတပ်အဖွဲ့ဝင်များအားလုံး လုံခြုံဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။
မင်းတပ်မြို့သို့ လာရောက်ရန်ကြိုးပမ်းခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် လမ်းခုလတ်တွင် ဖြတ်တိုက်ခံရခြင်းဖြစ်ပြီး နောက်နေ့မနက်ဖြန်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်ဖွယ်ရှိနေသည်ဟု CDF မင်းတပ် သတင်းပြန်ကြားရေးက ခန့်မှန်းထားသည်။
Photo – CDF မင်းတပ်

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: