fbpx

တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကိုဗစ်ကန့်သတ်ချက် တင်းကျပ်၊ မြေအောက်ရထားဘူတာများကို အစိုးရက ပိတ်ခိုင်း

5 May 2022 By MPA
တရုတ်အစိုးရသည် မြို့တော် ဘေဂျင်းအတွက် COVID-19 ကန့်သတ်ချက်များကို ထပ်မံတင်းကျပ်လိုက်ကာ အာဏာပိုင်များက ယမန်နေ့ မေလ ၄ ရက်နေ့တွင် ထုတ်ပြန်အသိ​ပေးကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြသည်။
လက်ရှိဘေဂျင်းမြို့၏ ကိုဗစ်အကျပ်အတည်းကို ဖြေရှင်းရန် တရုတ်အာဏာပိုင်များအနေနှင့် အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေနေရပြီး ဘေဂျင်းမြို့၏ မြေအောက်ဘူတာရုံ ၆၀ ခန့်ကို ပိတ်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။
အပန်းဖြေဥယျာဉ်များနှင့် စားသောက်ဆိုင်များတွင်လည်း လူစုလူဝေးပြုလုပ်ခြင်း လုံးဝခွင့်ပြုမထားသလို ကိုဗစ်ကပ်ဘေးအတွက် အထူးစိန်ခေါ်မှုတစ်ခုအဖြစ် ကျန်ရှိနေသေးကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်အသိပေးထားသည်။
ယမန်နေ့က ကိုဗစ်ဖြစ်ပွားသူ ၅၁ ဦးသာ တွေ့ရှိထားပေမယ့် တကျော့ပြန် ပြန်လည်ဖြစ်ပွားလာမှုကို ကာကွယ်ရန် တရုတ်အစိုးက ယခုလို ကန့်သတ်ချက်များ ထပ်မံတင်းကျပ်ခဲ့ခြင်းဖြစ်သည်။
“ရောဂါဖြစ်ပွားမှုက ၅၀ ဝန်းကျင်ကို ရောက်ရှိလာပြီ။ ဒါ့အပြင် ကြိုးကြားကြိုးကြားဖြစ်နေတာတွေလည်း ရှိသေးတယ်။ စိန်ခေါ်မှုတစ်ခုလို ရှိနေဆဲပါ”လို့ ဘေဂျင်းမြို့မြူနီစပယ်အရာရှိတစ်ဦးက ယမန့်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရှင်းပြသည်။
Photo – Reuters

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: