


By MPA
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက သံဝန်ထမ်းတစ်ဦး ယနေ့ မေလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်ေကောင်စီ၏ လက်အောက်တွင် အလုပ်ဆက်လက် မလုပ်ကိုင်လိုတော့၍ CDM ပြုလုပ်ကြောင်း ၎င်း၏ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာတွင် အသိပေးခဲ့သည်။
သံဝန်ထမ်း ဒေါ်မြသိင်္ဂီသည် ၂၀၂၀ ခုနှစ် ရွေးကောက်ခံအစိုးရ၏ စေလွှတ်မှုဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
သူ၏ ရေးသားဖော်ပြချက်အရ “ ကျွန်မသည် ၃.၅.၂၀၂၂ ခုနှစ်မှာ စ၍ မိမိမြန်မာနိုင်ငံတွင် မတရားအာဏာသိမ်းယူထားသည့် စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုသည့် ဆန္ဒမရှိခြင်း၊ နိုင်ငံတကာ စာမျက်နှာတွင်လည်း အဆိုပါ တရားမဝင် စစ်အုပ်စုကို ကိုယ်စားပြုရန် ဆန္ဒမရှိခြင်း၊ ဒီမိုကရေစီ ပြန်လည် ရရှိရန်အတွက် ကြိုးပမ်းလျက်ရှိသည့် မြန်မာနိုင်ငံ ပြည်သူများအပေါ် ဖမ်းဆီးသတ်ဖျက် နှိမ်နှင်းမှုများကို လုံးဝ လက်မခံနိုင်ခြင်းတို့ကြောင့် ကျွန်မသည် အခြားသော CDM လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများနှင့်အတူ ပြည်သူ့ဘက်မှာ ရပ်တည်၍ Civil Disobedient Movement (CDM) တွင် ပါဝင်သွားမည်ဖြစ်ပါသည်”ဟု အသိပေးခဲ့ခြင်းဖြစ်သည်။
Photo – Emerald Theingi Facebook