


By MPA
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းပြီး အာဏာရှင်စနစ် အမြစ်ပြတ်ရန် ညီညီညွတ်ညွတ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယနေ့ မေလ ၅ ရက်နေ့တွင် ပြည့်မြောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း တစ်နှစ်ပြည့်တွင် ပေးပို့သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ သဝဏ်လွှာတွင် ထည့်သွင်း အသိပေးထားသည်။
သံဝဏ်လွှာတွင် “ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည်လည်း အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒတိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးတို့ကို ဦးထိပ်ပန်ဆင် တိုက်ပွဲဝင်နေသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ BPLA ရဲဘော်များသည် PDF ရဲဘော်များနှင့်လည်း လက်တွဲကာ ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်လျက်ရှိပြီး အာဏာရှင်စနစ်ကို အတူတကွ အမြစ်ဖြတ်ရန် ညီညီညွတ်ညွတ်ကြိုးစားနေကြပါသည်”ဟု ပါရှိသည်။
ထို့အပြင် နွေဦးတော်လှန်ရေးကြီးပြီးဆုံးအောင်မြင်၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးပေါ်ထွန်းလာချိန်အထိ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နှင့် ညီအမအဖွဲ့အစည်းများသဖွယ် အတူလက်တွဲ၍ စစ်အာဏာရှင်စနစ်ကို အဆုံးထိ တိုက်ပွဲ
ဝင်သွားမည်ဖြစ်ကြောင်း သံဝဏ်လွှာတွင် ဖော်ပြခဲ့သည်။