fbpx

မြန်မာပြည်သူများအတွက် ရန်ပုံငွေရှာဖွေရေး အနုပညာရှင် အယောက် ၃၀ ပါဝင် ပံ့ပိုး

By MPA
မြန်မာပြည်သူများကို ကူညီရေးအတွက် အနုပညာရှင် အယောက် ၃၀ က ၎င်းတို့၏ အနုပညာဖန်တီးချက်များဖြင့် ရန်ပုံငွေရှာဖွေရေး ပြုလုပ်နေကြောင်း သိရှိရသည်။
ရန်ပုံငွေရှာဖွေရေးကို NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Better Burma က ပြင်ဆင်ကျင်းပခြင်းဖြစ်ပြီး မေလ ၅ ရက်နေ့မှာ ၁၀ ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။
ယခုအနုပညာလေလံပြပွဲသည် Better Burma ၏ တတိယမြောက် အနုပညာလေလံပွဲဖြစ်လာပြီး ကနဦးတွင်လည်း အနုပညာ လေလံပွဲ နှစ်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
အဆိုပါပွဲမှ ရရှိလာသည့် ရန်ပုံငွေများကို လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု၊ IDP စခန်းများ၊ CDM ကမ်ပိန်းများ ကူညီပေးရေး၊ အထိအခိုက်လွယ်သော ဆင်းရဲနွမ်းပါးသော ပြည်သူများအတွက် အစားအစာ၊ ဆေးဝါးနှင့် အမိုးအကာများ တောက်ပံ့ပေးရေးတို့တွင် အသုံးပြုသွားမည်ဖြစ်သည်။
“ပြည်သူတွေက တော်လှန်ရေးရဲဘော်တွေကို လှူနေသလိုပဲ။ ကျွန်တော်တို့ကလည်း လက်နက်မကိုင်နိုင်တဲ့ နယ်စပ်ဒေသ တိုက်ပွဲ ဖြစ်နေတဲ့ ဒေသကပြည်သူတွေကို ပြန်လှူဖို့ လိုအပ်နေပါတယ်။ စားသောက်စရာတွေ အဝတ်အထည်တွေတင်မကဘဲ ပြောင်းရွေ့ရေးတွေ အတွက်ပါကူညီမှရမှာပါ။ နေရာတစ်ခုခု ရွေ့ပြောင်းဖို့ ဆိုတာ မလွယ်တဲ့ ကိစ္စပါ၊ အဲ့ဒါကို ထိုဒေသမှာနေနေရတဲ့ ပြည်သူတွေက အမြဲတစေ ရွေးပြောင်းဖို့ကို လိုအပ်နေတာပါ။ ဒါကြောင့် အဓိက လိုအပ်နေတဲ့ လူတွေအတွက် ကျွန်တော်တို့ ဒီပွဲလေးကျင်းပရခြင်းဖြစ်ပါတယ်”ဟု Better Burma ၏ ပြောရေးဆိုခွင့်ရှိသူ ကို Kenneth က MPA သတင်းဌာနကို ပြောသည်။
လေလံပွဲတွင် ဖန်တီးပြသထားသည့် အနုပညာလက်ရာများတွင် CDM ဝန်ထမ်းတချို့၏ လက်ရာများလည်း ပါဝင်ကြောင်း သိရှိရပြီး ကမ္ဘာတဝှမ်းမှ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံကြသော မဟာမိတ်များမှ ဖန်တီးထားသည့် လက်ရာများဖြစ်သည်။
ခင်းကျင်းပြသသွားမည့် အနုပညာလက်ရာများကို Lit By Art Facebook page၊ 3D Onlinel Meteaverse Gallery နှင့် Better Burma Event Page တို့တွင် တွေ့ရှိနိုင်ကြောင်း သိရသည်။
Photo – Lit By Art

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: