fbpx

ကျူးဘားနိုင်ငံ၏ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုတွင် ကြီးမားသည့် ပေါက်ကွဲမှုဖြစ်၍ လူ ၂၂ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရ

By MPA
ကျူးဘားနိုင်ငံ၊ ဟာဗားနားတွင် တည်ရှိသည့် ဆာရာတိုဂါဟိုတယ်တွင် ကြီးမားသည့်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့၍ လူပေါင်း ၂၂ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာများရရှိခဲ့ရကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
ပေါက်ကွဲမှုမှာ ဟိုတယ်အပြင်ဘက်တွင် ရပ်ထားသည့် ဓာတ်ငွေ့တင်ယာဉ်တစ်စီးပေါ်က စတင်ခဲ့ပြီး ပေါက်ကွဲမှု ပြင်းထန်ခဲ့တာကြောင့် ဟိုတယ်တစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ရသည်။
ယင်းဟိုတယ်သည် သမိုင်းဝင်ဟိုတယ်တစ်ခုဖြစ်ပြီး နိုင်ငံအတွင်း ကိုဗစ်ရောဂါ ကပ်ဘေးဖြစ်ပွားခဲ့ပြီးနောက် လေးရက်အတွင်း ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားသည့်ဟိုတယ်ဖြစ်သည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဒေသခံအာဏာပိုင်တွေက ကူညီရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်ခဲ့ကြပြီး ကျူးဘားသမ္မတ၏ ပြောကြားချက်အရ ယင်းပေါက်ကွဲမှုကြောင့် သေဆုံးသူများထဲတွင် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံးများကို ပို့ဆောင်ခဲ့ပြီး ဟိုတယ်ထဲတွင်ပိတ်မိနေသူအမျိုးသမီးတစ်ဦး၏ ကြုံတွေ့ခံစားချက်အရ “ငလျင်တစ်ခုလို ထင်ခဲ့ရတယ်”ဟု ဖွင့်ဟပြောကြားခဲ့သည်။
ပေါက်ကွဲမှုအပြီးတွင် ကောင်းကင်ယံ၌ ဖုန်မှုန့်အမှုန်အမွှားများ၊ အနက်ရောင်မီးခိုးလုံးများနှင့် တိမ်တိုက်များကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောသည်။
ကျူးဘားသမ္မတ မီဂွယ်ဒီယက်စ်ကာနယ်၏ ပြောကြားချက်အရ ယင်းဖြစ်ရပ်မှာ အကြီးမားဆုံး မတော်တဆမှုကြီးဖြစ်ကြောင်း အသိပေးထားသည်။
ပေါက်ကွဲပျက်စီးခဲ့ရသည့် ယင်းဟိုတယ်အဆောက်အဦးသည် မက်ဒေါနား၊ ဘီယွန်ဆေးနှင့် မက်ခ်ဂျာဂါတို့ လာရောက် နေထိုင်ဖူးသည့် ဟိုတယ်အဆောက်အဦးဖြစ်သည်။
Photo – Getty Images

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: