


By MPA
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မကျည်းမြိုင်ရှိ နိရဉ္စရာရုံးဟောင်းအား မေလ ၇ ရက်၊ ယနေ့နံနက်က ရဲ၊ စရဖ အဖွဲ့ဝင်များ၊ အရပ်ဝတ်များနှင့် အမျိုးသမီးတစ်ဦးတို့ ဝင်ရောက်ရှာဖွေခဲ့သည်ဟု နိရဥ္စရာသတင်းဌာနက တရားဝင်ထုတ်ပြန်
ထားသည်။
”လက်ရှိအချိန်တွင်လည်း နိရဉ္စရာရုံးအား ဆက်လက်ရှာဖွေမှုများရှိနေပါသ ဖြင့် လောလောဆယ် နိရဉ္စရာသတင်း ထုတ်လုပ်မှုအား ခေတ္တရပ်နားထားရပါမည်။” ဟုလည်း ရေးသားထားသည်။
ထိုကဲ့သို့ရှာဖွေနေခြင်းမှာ ”မည်သည့်အတွက်ကြောင့်ရှာဖွေသည်ကို မသိရသေးပါ။” ဟုလည်း ဆိုထားသည်။
ရခိုင်ရှိမီဒီယာများအနက် Development Media Group(DMG)၊Westen Newsနှင့် နိရဥ္စရာသတင်းဌာန သုံးခုမှာအမှုဖွင့်ခံထားရခံသည်။
”ခုနောက်ပိုင်း စစ်ကောင်စီလို့သုံးနှုန်းလာတာရယ်။ဒီရက်ပိုင်စစ်ကောင်စီရဲ့ အမှားတွေ ၊ မကောင်းမှုတွေကို ရေးနေတာတွေကြောင့် ဖြစ်မယ်။” ဟု ရခိုင်အခြေစိုက်သတင်းထောက်တစ်ဦးကပြောသည်။
ရခိုင်တွင် ယခုရက်ပိုင်းအတွင်း အကြ မ်းဖက်စစ်ကောင်စီက စစ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုများနှင့်စစ် ဆေးမှုများ ပိုမို တင်းကျပ်လာသည်။