fbpx

ဒါရိုက်တာမောင်သီ ဖမ်းဆီးခံရကြောင်း သတင်းထွက်၊ နီးစပ်သူတချို့ကလည်း သူ့နေအိမ်တွင်ရှိကြောင်း ပြောဆို

By MPA
ဒါရိုက်တာမောင်သီကို ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ဖမ်းဆီးသွားခဲ့ကြောင်း သတင်းများထွက်နေပြီး နီးစပ်သူတချို့ကလည်း ၎င်းအနေနှင့် နေအိမ်တွင်ရှိကြောင်း MPA သတင်းဌာနကို ပြောဆိုမှုများရှိနေသည်။
ဒါရိုက်တာမောင်သီနှင့် ပတ်သက်သည့် သတင်းများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် MPA သတင်းဌာန၏ စုံစမ်းမှုအရ ၎င်းအနေနှင့် အိမ်တွင် အေးအေးချမ်းချမ်းရှိကြောင်း နီးစပ်သူ အနုပညာရှင်တစ်ဦးက အတည်ပြုခဲ့သည်။
“သူအိမ်မှာပါ။ နာမည်တူပါ။ မနေ့က လာတော့မေးပါတယ်”ဟု ဒါရိုက်တာမောင်သီနှင့် နီးစပ်သူ မိတ်ဆွေ အနုပညာရှင်တစ်ဦးက MPA သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
နောက်ထပ် ၎င်းနှင့် နီးစပ်သူများကလည်း ယင်းသတင်းနှင့်ပတ်သက်လို့ အတည်ပြုရန်ခက်ခဲပေမယ့် ဒါရိုက်တာမောင်သီကို စစ်ဆေးတာမျိုးရှိနိုင်ကြောင်း MPA သတင်းဌာနသို့ ပြောကြားခဲ့သည်။
Photo – Maung Thi FB

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: