fbpx

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အာဆီယံ ပေးမည်

By MPA
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အာဆီယံက ပေးအပ်သွားမည်ဖြစ်ကြောင်း အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ပရက်ဆော့ဟွန်းက အသိပေး ပြောကြားလိုက်သည်။
မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာ အကူအညီများပေးအပ်ရာတွင် အတားအဆီးများစွာ ရှိနေသော်လည်း လက်ရှိတွင် တိုးတက်မှုများရှိကြောင်း ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံအတွက် အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဆင့်မြင့်အစည်းအဝေးကို ယမန်နေ့ မေလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ အကြီးအကဲများနှင့် အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်နှင့် အကြမ်းဖက်စစ်ကောင်စီဘက် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲအပြီး မီဒီယာများသို့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရန်အတွက် ကနီဦးအဖြစ် တိုင်းဒေသကြီး ငါးခုကို ရွေးချယ်ထားကြောင်း ပြောကြားပြီး ယင်းထဲမှ ၂ ခုကို ဦးစားပေးသတ်မှတ်ကာ အဦးဆုံးကူညီသွားရန် ဆုံးဖြတ်ထားကြောင်း သိရရှိရသည်။
လာမည့်သီတင်းပတ်တွင် တွေ့ဆုံဆွေးနွေးကြမည့် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲသို့ အာဆီယံခေါင်းဆောင်များသွားကြမည်ဖြစ်ပြီး ယင်းမှ အပြန်တွင် အာဆီယံအထူးကိုယ်စာလှယ်အနေနှင့် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
Photo – Getty Images

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: