fbpx

ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် ဒေါ်လာသန်း ၁၅၀ အမေရိကန် ထပ်ပေး

By MPA
ရုရှားနိုင်၏ ကျူးကျော်မှုကို ခံနေရသည့် ယူကရိန်းနိုင်ငံအား စစ်ရေးအကူအညီအဖြစ် ကူညီရန် အမေရိန်ကန် ပြည်ထောင်စုက ဒေါ်လာသန်း ၁၅၀ ကူညီရန် ခွင့်ပြုလိုက်ကြောင်း Aljazeera သတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ကွန်ဂရက်လွှတ်တော်ကို ရန်ပုံငွေများအတွက် ထပ်မံအတည်ပြုရန် တိုက်တွန်းထားပြီး ယူကရိန်း၏ စစ်မြေပြင်အတွက် ကူညီရေးသာမက ရုရှားနှင့် ဆွေးနွေးမှုအတွက်လည်း ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းအပေါ် အမေရိကန်ပြည်ထောင်စု၏ ကူညီမှုသည် ရုရှားကျူးကျော်စတင်ဖြစ်ပွားချိန်ကစ၍ လက်ရှိအထိ အမေရိကန် ဒေါ်လာ ၃.၈ ဘီလီယံအထိရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ သောကြာနေ့က ထုတ်ပြန်ကြေညာချက်အရ ယင်းကူညီမှုထဲတွင် လက်နက်ကိရိယာများ ပါဝင်ဦးမည်ဖြစ်ကြောင်းအသိပေးခဲ့သော်လည်း အသေးစိတ်ကို ဖော်ပြခဲ့ခြင်း မရှိပေ။
“သူတို့နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ ယူကရိန်းတပ်ဖွဲ့တွေကို ကျွန်တော်တို့ဘက် ထိရောက်စွာ အသုံးပြုနိုင်တဲ့ လက်နက်တွေကို ဆက်လက်ပံ့ပိုသွားမှာဖြစ်ပါတယ်”ဟု အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားပြီး စစ်အထောက်အပံ့များနှင့်အတူ မော်စကိုကို ဖိအားပေးရန် နောက်ထပ် ကြိုးပမ်းမှုများလည်း လိုက်ပါလာဦးမည်ဟု အသိပေးခဲ့သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: