


By MPA/007
လက်ပံတောင်းတောင်အနီး ဝါးတန်းရွာတွင် ရွာဦးကျောင်းဆရာတော်ကို အကြမ်းဖက် စစ်ကောင်စီက ဓါးစာခံအဖြစ် ဖမ်းဆီးထားပြီး အင်အား ၂၅၀ကျော်ဖြင့် ယမန်နေ့ မေလ ၆ ရက်နေ့တွင် တပ်စွဲထားကြောင်း ဒေသခံများမှ သိရသည်။
“ဆရာတော်တစ်ပါးဘဲ ကျန်တော့တာ။ ရွာထဲရှိလူတွေ အကုန်ထွက်ပြေးကုန်ပြီ။ ပျူစောထီးတွေက ၁၅၀ လောက်ပါမယ်။ စစ်ခွေးက ၁၀၀ ဝန်းကျင်လောက်မယ်။ ကျနော်တို့လဲ ကြောက်လို့ထွက်ပြေးနေတာ” ဟု ဒေသခံတွေက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က Jumper များဖြင့် Drone များကို ဖျက်ဆီးလျက်ရှိပြီး ၁ မိုင်ပတ်လည်တွင် အပူလှိုင်းခံ စက်ကိရိယာများဖြင့် သံသယရှိသူများကို ရှာဖွေလျှက်ရှိသည်။
“ကျွန်တော်တို့ရွာကို ဝင်တော့ RPG ၅ခု၊ ၁၅၀ မမများ၊ ပျူစောထီးအားလုံးမှာ လက်နက်ကိုင်ဆောင်ထားတာ တွေ့တယ်။ ဓါးစာခံ ဖမ်းခံရတဲ့ ကိုယ်တော်က မုံရွာမြို့ ဗဟိုသံဃာ့နာယကဒုဥက္ကဋ္ဌဆရာတော် ဖြစ်တယ်”ဟု ရွာသားတစ်ဦး ကပြောသည်။
ယင်းမာပင်ဒေသခံ PDF များလည်း တိမ်းရှောင်နေရသည့်အပြင် ဆရာတော်အား ဓါးစာခံလုပ်ထားခြင်းကြောင့် ပြန်လည် တိုက်ခိုက်ရန် အဆင်မပြေကြောင်း ယင်းမာပင်အခြေစိုက် PDF များထံမှ သိရသည်။
“သတ္တိရှိရင် ယောကျာ်းချင်း ချိန်းပြီး ဒဲ့ဖိုက်ကြမယ်။ အခုလို မိန်းမဆန်ဆန်မလုပ်နဲ့လို့ မင်းအောင်လှိုင်ကို ပြောချင်တယ်”ဟု ယင်းမာပင်အခြေစိုက် PDF ပြန်ကြားရေးအရာရှိမှ ပြောသည်။
PDF များအနေဖြင့် ယင်းစစ်ကြောင်းကို အဝေးကသာ မှန်ပြောင်းဖြင့် ကင်းထောက်ရခြင်းဖြစ်ပြီး ဓါတ်ပုံရိုက်ရန် မလွယ်ကူကြောင်း သိရသည်။
ပုံစာ – လက်ပန်းတောင်းတောင်စီမံကိန်းသို့ အင်အားဖြည့်ရန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ချင်းတွင်းရိုးမမဟာမိတ် တပ်ပေါင်းစု ညီနောင်မဟာတပ်များက မိုင်းဆွဲတိုက်ခိုက်နေပုံ