fbpx

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ခြောက်ရာကျော်နှင့် ပြည်သူ နှစ်သိန်းကျော် အိတ်ဖွင့်ပေးစာပို့

By MPA
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ဝင်ငွေများကို ပိတ်ဆို့အရေးယူရန်နှင့် လူမျိုးတုံးသတ်ဖြတ်သော အကြမ်းဖက် စစ်အုပ်စုဆီသို့ ဘဏ်ငွေများ လွှဲပြောင်းနေမှုကို ရပ်တန့်စေရေးအတွက် မြန်မာအပါအဝင် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၆၂၆ ဖွဲ့နှင့် ပြည်သူနှစ်သိန်းနှစ်သောင်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို အိတ်ဖွင့်ပေးစာပို့ တောင်းဆိုလိုက်သည်။
လာမည့် မေလ ၁၂ ရက်နေ့မှာ ၁၃ ရက်နေ့အထိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် အာဆီယံခေါင်းဆောင်များ ဝါရှင်တန်ဒီစီတွင် တွေ့ဆုံမည်ဖြစ်ကာ မြန်မာပြည်ရှိ လူ့အခွင့်အရေးခြေအနေများနှင့် ယင်းတွေ့ဆုံမှုတွင် မြန်မာပြည်ရှိ လူ့အခွင့်အရေး အခြေအနေများနှင့် လူသားချင်းစာနာမှုုဆိုင်ရာ အကျပ်အတည်းများအတွက်ပါ ဆွေးနွေးသွားကြမည်ဖြစ်သည်။
မြန်မာအကြမ်းဘက်စစ်ကောင်စီတပ်ဖွဲ့သည် အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီမှုကို ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ ယင်း သဘောတူညီမှု တစ်နှစ်ကျော်ကာလတွင် ထိရောက်သည့် လုပ်ဆောင်မှု များ မလုပ်နိုင်ခဲ့ပေ။
မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များ ဆက်လက် ကျူးလွန်နေဆဲဖြစ်သလို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကိုလည်း ပိတ်ဆို့ထားဆဲဖြစ်သည်။
ယင်းအခြေအနေများအတွက် အမေရိကန်ပြည်ထောင်စုအနေနှင့် အာဆီယံ၏ ဦးဆောင်မှုကို တည်မှီမနေဘဲ ဆောင်ရွက်ရမည့် အချက်များကို လုပ်ဆောင်ကာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ရပ်ဆိုင်းရန်နှင့် အကြမ်းဖက်စစ်အုပ်စု၏ မြန်မာပြည်သူအပေါ် ရက်ရက်စက်စက် ပြုမှုနေမှုများအတွက် လိုအပ်သည့် အရင်းအမြစ်များကို ဖြတ်တောက်ပစ်ရန် အဆိုပါအိတ်ဖွင့်ပေးစာတွင် ပါရှိခဲ့သည်။
အိတ်ဖွင့်ပေးစာတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ချက်ချင်းလုပ်ဆောင်ရမည့် အချက်သုံးချက် ပါဝင်ခဲ့သည်။
ယင်းအချက်များတွင်
(၁) စစ်အုပ်စုထံသို့ ရေနံနှင့် သဘာဝဓတ်ငွေ့ ငွေများ မရောက်ရှိသွားရေး ပိတ်ဆို့အရေးယူမှုကို အသုံးပြုရန်၊ တရားဝင်၊ အသိအမှတ်ပြုခံရသည့် အစိုးရအတွက် ဝင်ငွေများကို သီးခြားသတ်မှတ်ထားသော ဘဏ်စာရင်းများတွင် ပြောင်းလဲ ထိန်းသိမ်းထားရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် ထိုင်း၊ တောင်ကိုရီးယားရှိ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်။
(၂) ၂၀၂၂ ဇန်နဝါရီလတွင် ဘဏ္ဍာဌာနက ထုတ်ပြန်သော စီးပွားရေးဆိုင်ရာ လမ်းညွှန်ချက်ပါ MOGE နှင့် သက်ဆိုင်သည့် အရာများ၊ စစ်အုပ်စုသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေများ လွှဲပေးနေသော ရေနံကုမ္ပဏီများနှင့် ဘဏ်များကို ဆက်သွယ် ဆက်ဆံခြင်းကို ငွေကြေးခဝါချခြင်းအဖြစ် သတ်မှတ်ရန် ရှိသည်များကို အသက်ဝင်အောင် ဆောက်ရွက်ပြီ။ လိုက်နာခြင်းမရှိသူတို့ုကို နောက်ဆက်တွဲ သက်ရောက်မှုများ ရှိစေရန်။
(၃) ဆယ်စုနှစ်ပေါင်းများစွာ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေများကို ခဝါချခဲ့ပြီး အစိုးရဘဏ်စာရင်းများလည်း စစ်အုပ်စု လက်အောက်သို့ ရောက်နေပြီဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ကို စီပွားရေး ပိတ်ဆို့ပေးရန် စသည့်အချက်များ ပါဝင်ခဲ့သည်။
Photo – Reuters

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: