fbpx

တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ထောင်ချီတိုးလာသောကြောင့် စားနပ်ရိက္ခာနှင့် ရေသန့်များလိုအပ်နေ

By MPA 001
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် မြိတ်မြို့နှင့် ပုလောမြို့နယ်များတွင် စစ်ဘေးရှောင်များ ထောင်ချီတိုးလာသောကြောင့် စားနပ်ရိက္ခာနှင့် ရေသန့်များလိုအပ်နေကြောင်း ပုလော စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီ (IDPCMC) ၏ တာဝန်ခံက ပြောသည်။
“တနင်္သာရီတိုင်းမှာဆိုတာထက် ပုလောမှာကို စစ်ဘေးရှောင်က ၂ ထောင်အထက်ရှိတယ်။ သူတို့အတွက် အဝတ်အထည်၊ အစားအသောက်နဲ့ ဆေးဝါး၊ ရေအကုန်ကိုလိုနေတော့တာ။ အဝေးရောက်မြန်မာတွေကော။ ပြည်တွင်းကကော ကူကြပါဦး”လို့ ပုလောစစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီ (IDPCMC) ၏ တာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ပုလော စစ်ဘေးရှောင်စခန်းကို လွတ်မြောက်နယ်မြေတစ်နေရာတွင် တည်ဆောက်ထားပြီး စစ်ဘေးရှောင် အင်အား များလာတာကြောင့် စာသင်ကျောင်းနှင့် ဘုရားကျောင်းများအတွင်းတွင် ယာယီထားထားရကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် မေလ ၁ရက်နေ့က အကြမ်းဖက်စစ်ကောင်စီနှင့် ပုလောကာကွယ်ရေးမဟာမိတ် တပ်ပေါင်းစုများအကြား ဖြစ်ပွားခဲ့သည့် ကျောင်းနိမ့်တိုက်ပွဲအတွင်း ကျောင်းနိမ့်ရွာ၊ ပိန္နဲတောင်ရွာနှင့် ဆားခဲရွာတို့မှ ရွာသူရွာသားတွေများသည် စစ်ဘေးရှောင် ဒုက္ခသည်အဖြစ် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: