fbpx

ရခိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ရိက္ခာဖြည့်တင်းမှုပိုမိုပြုလုပ်နေ

                                                 (ဓာတ်ပုံ-စစ်အင်အားတိုးချထားသော အကြမ်းဖက်စစ်ကောင်စီ၏ စခန်းတစ်ခု/MPA)
By-MPA
စစ်ရေးတင်းမာမှုဖြစ်နေသည့်ရခိုင်တွင် အကြမ်းဖက်စစ်ကောင်စီက လက်နက်ရိက္ခာဖြည့်တင်းမှုများ ပိုမိုပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
”မနေ့က မနက်အစောကြီးကနေ ညနေမိုးချုပ်တဲ့အထိ သယ်ယူနေပါတယ်။ စစ်တွေရွှေမင်းဂံကနေ ဒကစသို့သယ် ယူနေတာပါ။ တစ်ကြိမ်မှာ အနည်းဆုံးငါးစီး၊ဆယ်စီလောက်ဆိုတော့ တစ်ရက်တည်းမှာတောင် အစီးရေတစ်ရာနီးပါးရှိပါမယ်” ဟု စစ်တွေအဝေးပြေးကားဂိတ် အနီးရှိ ဒေသခံတစ်ဦးက MPA သို့ပြောသည်။
ထိုသို့စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှ ဒကစသို့သယ်ယူရာတွင် လက်နက်၊ရိက္ခာအပါအဝင် စစ်သည်များလည်းပါဝင်ပြီး ကားပေါ်တွင် ရှေ့၊နောက်သေနတ်များအဆင်သင့်ပစ်ခတ်နိုင်သည့်ပုံစံမျိုး လုံခြုံရေးဖြင့် သယ်ယူနေခြင်းဖြစ်ကြောင်းလည်း ပြောသည်။
”ဒီလသုံးရက်နေ့က တပ်မ ၂၂ က အင်အား ၂၅ ယောက်ကို ထိပ်တူးပေါက်တောင်သို့ ထပ်တိုးထားပါတယ်။ သူတို့ရဲ့ လက်နက် ရိက္ခာတွေကို ထိပ်တူးပေါက်တောင်သို့ရောက်အောင်ထိ ကျနော်တို့ရိုဟင်ဂျာထော်လာဂျီနဲ့အတင်းပို့ခိုင်းပါတယ်” ဟု ဘူးသီးတောင်မြို့နယ်၊ဖုံညိုလိပ်ကျေးရွာနေ မာမတ်ရော်ဖီလ်ကMPA သို့ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ရခိုင်တွင်ယခုလဆန်းမှစပြီး နေရာအများအပြားသို့ စစ်အင်အားတိုးချဲထားကာ လက်နက်ရိက္ခာများ ပိုမိုဖြည့်တင်းနေသည်။
တဖက်တွင် ဒေသခံများအားအသွားအလာကန့်သတ်ခြင်းနှင့် စစ်ဆေးမှုများပိုမိုပြုလု ပ်လာနေကြောင်းလည်း ဒေသခံများက ဆိုသည်။
”ဒီလတစ်ရက်နေ့ကစပြီး အရပ်ဝတ်တွေနဲ့ရေချမ်းပြင်ကနေ အငူမော်ဖက်သို့ ကူးလာကြပါတယ်။ဒေသခံတချို့ကိုတော့ အသွား အလာတွေ တအားစစ်ဆေးပါတယ်”‘ ဟု ရသေ့တောင်မြို့နယ်၊အငူမော်ဆိပ်ကမ်းအနီးရှိ ဒေသခံတစ်ဦးက MPA သို့ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် NUG နှင့် PDF မပါဝင်သော တော်လှန်ရေးအဖွဲ့များကို မေလ ၉ ရက်၊ ယနေ့နောက်ဆုံးထားပြီးအကြောင်းပြန်ရန် ပြောဆိုထားသည်။
”ဒီနေ့လည်း စစ်တပ်က စစ်ကားကြီးတွေ လက်နက်အပြည့်အစုံနဲ့ စစ်သားတွေအများကြီး ကျောက်တော်တပ်မကနေ မြောက်ဦးဖက်သို့ သွားပါတယ်။ လက်နက်ရိက္ခာတွေလည်းပါပါတယ်”ဟု ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရားအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ထင်လင်းဦးကို သူရှိရာနေရာထိ တက်ကြိတ်ပလိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: