fbpx

ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုကို ဂျပန်တားမြစ်သွားမည်

By MPA
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ်ပြုလုပ်နေသည့်အတွက် တန်ပြန်လှုပ်ရှားမှုအဖြစ် ဂျပန်နိုင်ငံက ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုကို မူများအရ ကန့်သတ်တားမြစ်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ထုတ်ဖော်ပြောကြားခဲ့သည်။
ပြောကြားချက်ကို ပြီးခဲ့သည့် ယမန်နေ့ မေလ ၈ ရက်နေ့က G7 နိုင်ငံများ၏ အွန်လိုင်းအစည်းအဝေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုကို တားမြစ်ခြင်း သို့မဟုတ် ဖျက်သိမ်းရန် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက အသိပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယူကရိန်းအရေးတွင် အနောက်နိုင်ငံများ၏ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကိုလည်း ဂျပန်ဝန်ကြီးချုပ်က ထောက်ခံခဲ့ပြီး ဂျပန်နိုင်ငံနိုင်ငံဘက်မှ ရုရှားနိုင်ငံအပေါ် ရေနံနှင့် ပတ်သက်သည့် မှီခိုမှုများကို အမြန်ဆုံး ရပ်တန့်ပစ်ရန် ကြိုးပမ်းသွားမည် ဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် နိုင်ငံအတွင်း ရေနံလိုအပ်မှုအခြေအနေကြောင့် ရုရှားနိုင်ငံကို မှီခိုမှုပြုလုပ်နေရသည့် နိုင်ငံဖြစ်ပြီး ယခုကဲ့သို့ ရုရှားနိုင်ငံကို ပိတ်ဆို့သည့် အရေးတွင် ပါဝင်လာခြင်းသည် ၎င်းတို့အတွက် စိန်ခေါ်မှုတစ်ခုလည်းဖြစ်သည်။
Photo – Reuters

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: