fbpx

ရုရှား-ယူကရိန်းအရေးမှ သင်ယူမှုများပြုလုပ်ပြီး ထိုင်ဝမ်ကို တရုတ်ထိန်းချုပ်ရန်ကြိုးစား

By MPA(နိုင်ငံတကာသတင်း)
တရုတ်နိုင်ငံအနေနှင့် ရုရှား-ယူကရိန်းစစ်ပွဲမှ အဖြစ်အပျက်များကို ဂရုတစိုက် သင်ယူလေ့လာနေပြီး ယင်းအတွေ့အကြုံကို အသုံးပြုကာ ထိုင်ဝမ်ကို ထိန်းချုပ်ရန်ကြိုးပမ်းနေကြောင်း အမေရိကန် စီအိုင်အေ ဒါရိုက်တာ ဘီလ်ဘန်းက အသိပေးပြောကြားလိုက်သည်။
တရုတ်နိုင်ငံသည် ယူကရိန်းအပေါ် ရုရှား၏ထိုးစစ်ဆင်မှုကို အနီးကပ်လေ့လာနေပြီး ယင်းအရေးမှ သင်ခန်းစာများကို အခြေခံ၍ ထိုင်ဝမ်ကို ထိန်းချုပ်ရန် ရေရှည်အစီအစဉ်အဖြစ် ပြုပြင်ပြောင်းလဲဖွယ်ရှိကြောင်း သူက ဆက်ပြောခဲ့သည်။
“တရုတ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေနဲ့ ထိုင်ဝမ်အပေါ် ထိန်းချုပ်ဖို့ ယူကရိန်းဆီက သင်ခန်းစာတွေ ထုတ်ယူ ကြည့်ဖို့ ကြိုးစားနေပါတယ်”ဟု စီအိုင်အေ ဒါရိုက်တာ ဘီလ်ဘန်းက ယမန်နေ့ မေလ ၇ ရက်စနေနေ့တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် ယူကရိန်းအပေါ် ကျူးကျော်မှုတွင် စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့ပြီး ယူကရိန်းလူ့အဖွဲ့အစည်းတစ်ခုလုံးက ရုရှား၏ ကျူးကျော်မှုကို ပြင်းထန်သည့် ခုခံမှုများဖြင့် တုံ့ပြန်ခဲ့သလို နိုင်ငံတကာအဖွဲ့အစည်းများ၏ အရေးယူပိတ်ဆို့မှုများကိုလည်း ခံခဲ့ရသည်။
“ထိုင်ဝမ်ကို ထိန်းချုပ်ဖို့ အင်အားသုံးကြိုးပမ်းမှုရဲ့ ကုန်ကျစရိတ်နဲ့ အကျိုးဆက်တွေကို တရုတ်ခေါင်းဆောင်တွေ သိပ်ကို ဂရုတစိုက် ကြည့်နေတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု စီအိုင်အေဒါရိုက်တာ သူ့ရဲ့အမြင်ကို ပြောသည်။
တရုတ်နိုင်ငံသည် ထိုင်ဝမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရက်တစ်ကျွန်းစုအား လိုအပ်လျှင် အင်အားသုံး၍ ပြန်လည် သိမ်းပိုက်နိုင်မည်ဟု  ရှုမြင်နေခြင်းဖြစ်ပြီး ထိုင်ဝမ်အနေနှင့် ဘေဂျင်းအစိုးရ၏ ကျူးကျော်ခြိမ်းခြောက်မှုအောက်တွင် အမြဲတစေ ရင်ဆိုင် ရှိနေခဲ့ရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: