fbpx

အကြမ်းဖက်စစ်ကောင်စီ သုံးဦးသေဆုံးခဲ့သည့် တနင်္သာရီတိုင်း ထုံခါအကျဉ်းစခန်း စီးနင်းမှုအတွင်း PDF တစ်ဦးကျဆုံး

                                                    ထုံခါအကျဉ်းစခန်းအား အာဏာမသိမ်းမီကတွေ့ရစဉ်။

 

By MPA 001
အကြမ်းဖက်စစ်ကောင်စီ သုံးဦးသေဆုံးခဲ့သည့် တနင်္သာရီတိုင်း ထုံခါအကျဉ်းစခန်း စီးနင်းမှုအတွင်း PDF တစ်ဦးကျဆုံးခဲ့ကြောင်း Tanintharyi Defense Force က ပြောသည်။
ထုံခါအကျဉ်းစခန်းစီးနင်းကို Tanintharyi Defense Force နှင့် မြိတ်ခရိုင် PDF တပ်ရင်း ၂ ခွဲ ၁တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့မှု မိနစ်၂၀ ကြာဖြစ်ပွားကာ တိုက်ပွဲငယ် ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း Tanintharyi Defense Force က ပြောသည်။
“ရေဖြူစစ်ဆင်ရေးနဲ့ သုံးမိုင်ပဲဝေးတဲ့ အကျဉ်းထောင်ကို မိုးလင်းက မဟာမိတ်တပ်ပေါင်းစုနဲ့ ဝင်တိုက်တာပေါ့။ သုံးယောက်တော့ သေချာတယ်သေတာ။ ကျန်တဲ့ဒဏ်ရာရသူတွေ သေမသေတော့ မသိရ”ဟု Tanintharyi Defense Force က ရှင်းပြသည်။
ယနေ့ မနက်၅နာရီက စီးနင်းခဲ့သည့် ထုံခါအကျဉ်းစခန်းသည် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုအနီးမှာ တည်ရှိကြောင်း တနင်္သာရီမြို့နယ်နေသူတစ်ဦးက ပြောသည်။
“မနက်ကဖြစ်တာ။ ပစ်သံတွေကြားရတယ်။ သိန်ခွန်းကလူတွေတော့ပြေးကုန်ပြီ။ စစ်ခွေးဘက်က သေတယ်။ ကလေးတွေဘက်ကလဲ သေတယ်ကြားတယ်”ဟု တနင်္သာရီမြို့နယ်နေသူတစ်ဦးကပြောသည်။
တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော် အသက်ပေးလှူခဲ့သည့် ထုံခါအကျဉ်းစခန်းကို တနင်္သာရီ တိုင်းအတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သုံးဦးသေ၊ ၄ ဦး ဒဏ်ရာရ(စိုးရိမ်ရ) အနေအထားရှိကြောင်း သိရသည်။
ယနေ့နံနက် ၅နာရီ ၂၀မိနစ်တွင်ပြုလုပ်သည့် မစ်ရှင်တွင်ပါဝင်သည့် ရဲဘော်များ ဘေးကင်းလုံခြုံခဲ့ကြောင်း Tanintharyi Defense Force မှ ယနေ့ထုတ်ပြန်ခဲ့သည်။
ထုံခါအကျဉ်းစခန်းတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချခံရသည့် နှစ်ကြီးသမားများဖြစ်သည့် မူးယစ်ဆေးဝါး အမှုတရားခံများနှင့် ရဲဘက်ချမှတ်ခံရသည့် အကျဉ်းသားများ ပြစ်ဒဏ်ကျခံနေခြင်းဖြစ်ပြီး အကျဉ်းသားများလွတ်မြောက်မှု ရှိမရှိသေချာမသိရကြောင်း စုံစမ်းသိရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: