fbpx

မြန်မာ့အရေး ပိုမိုပေါ်လွင်အောင် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး၏ လိုဂိုဒီဇိုင်းကို ကရဝိတ်ပုံသုံးခဲ့

                                                                              Photo – PVTV
By MPA
အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးပိုမိုပေါ်လွင်အောင် အစည်းအဝေး၏ လိုဂိုဒီဇိုင်းကို နာမည်ကျော် ကရဝိတ်ပုံ အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီးက ပြောပြခဲ့ကြောင်း သိရှိရသည်။
ယနေ့တွင် NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန် သမ္မတ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီးတို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး လက်ရှိပြုလုပ်နေသည့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေး၏ လိုဂိုဒီဇိုင်းတွင် မြန်မာ့အရေးပိုမိုပေါ်လွင်အောင် ရန်ကုန်မြို့၏ နာမည်ကြီး ကရဝိတ်ပုံကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြခြင်းဖြစ်သည်။
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာ့အရေးနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ၎င်းတို့ကိုယ်တိုင် တာဝန်ခံရေး ရှိစေရန်အတွက် အမေရိကန် ပြည်ထောင်စုဘက်မှ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးပြီး မြန်မာပြည်သူများ၏ ရုန်းကန်လှုပ်ရှားနေရမှုနှင့်အတူ ရပ်တည်ကြောင်းလည်း ပြောကြားခဲ့သည်။
လက်ရှိ ကျင်းပနေသည့် အမေရိကန်-အာဆီယံအစည်းအဝေးတွင် အမေရိကန်ပြည်ထောင်စု၏ သဘောအတိုင်း မြန်မာနိုင်ငံအတွက် ခုံနေရာကို နေရာလွတ်အဖြစ် သတ်မှတ်ခဲ့သော်လည်း အမေရိကန် ပြည်ထောင်စုအနေနှင့် မြန်မာ့အရေးကို ဦးစားပေးအဖြစ် လုပ်ဆောင်နေမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီးက ဆက်လက်ပြောကြားခဲ့သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: