fbpx

မြောက်ကိုရီးယားတွင် ကိုဗစ်စတင်ဖြစ်ပွားပြီး လူ ၆ ဦးသေဆုံး၊ အဖျားပျံ့နှံ့မှု အရှိန်အဟုန်ဖြင့် ပြင်းထန်လာ

By MPA
ယမန်နေ့ မေ ၁၂ ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံသည် ကိုဗစ်ဖြစ်ပွားသည့် လူနာကို စတင်တွေ့ရှိခဲ့ပြီဟု အသိပေးပြီးနောက် လက်ရှိတွင် ကိုဗစ်ရောဂါကြောင့် မြောက်ကိုရီးယားနိုင်ငံအတွင်း လူ ၆ ဦး သေဆုံးခဲ့ပြီဖြစ်သလို နိုင်ငံအတွင်းတွင်လည်း အဖျားပျံ့နှံ့မှုက အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာခဲ့ပြီဖြစ်ကြောင်း The Asahi Shimbun က ဖော်ပြခဲ့သည်။
လက်တလောတွင် လူသေဆုံးမှု ရှိလာခဲ့ပြီဖြစ်သည့်အတွက် နိုင်ငံအတွင်း လူပေါင်း ၂ သိန်းနီးပါးကို သီးသန့်ခွဲထားပြီး ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပြင်ဆင်နေပြီဖြစ်သည်။ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၆ ဦးတွင် တစ်ဦးသည် အိုမီခရွန်မျိုးကွဲကူးစက်မှု ခံထားရကြောင်း မြောက်ကိုရီးယားဘက်က အတည်ပြုထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် ကိုဗစ်ရောဂါဖြစ်ပွားမှုအတွက် လက်တလောတွင် စိန်ခေါ်မှုများ ရှိလာခဲ့ပြီဖြစ်သော်လည်း ကိုဗစ်ရောဂါ နှင့် ပတ်သက်၍ စမ်းသပ်မှုဆိုင်ရာ အထောက်အပံ့များ နည်းပါးနေသောကြောင့် နိုင်ငံတွင်းဖြစ်ပွားနေသည့် ရောဂါအခြေအနေနှင့် ပတ်သက်ပြီး အနီးစပ်ဆုံး သိရှိနိုင်ရန် အားနည်းနေခဲ့သည်။
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကိုဗစ်ရောဂါကူးစက်မှု ပျံ့နှံ့နေချိန်အတွင်း မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံအတွင်းကိုဗစ်ရောဂါကို ကာကွယ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာတွေအထက် အမြဲတစေတွေ့ရှိခဲ့ရသည်။
ယမန်နေ့ ကြာသပတေးနေ့တွင် ကိုဗစ်ရောဂါဖြစ်ပွားမှု စတင်တွေ့ရှိချိန်တွင် နိုင်ငံတဝှမ်းတွင် ပိတ်ဆို့ကန့်သတ်မှုများပြုခဲ့ရသည်။
မြောက်ကိုရီးယားနိုင်ငံအနေနှင့် ကိုဗစ်ရောဂါ ကာကွယ်ရန် ကျန်းမာရေး ကိစ္စများတွင် အားမစိုက်ဘဲ နျူလက်နက် ထုတ်လုပ်ရေး လုပ်ငန်းများတွင်သာ အားစိုက်နေသောကြောင့် နိုင်ငံအတွင်း ကိုဗစ်ရောဂါပျံ့နှံ့မှုအခြေအနေသည် ယခုထက်ပိုမိုပြီး ဆိုးရွား နိုင်သောကြောင့် နိုင်ငံတကာ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: