fbpx

အိန္ဒိယတွင် အပူရှိန်ပြင်းသောကြောင့် ကောင်းကင်မှ ငှက်များပြုတ်ကျ

                                                                                    Photo – Reuters
By MPA
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ကျရောက်နေသော အပူလှိုင်းကြောင်း ငှက်ဒါဇင်ပေါင်းများစွာသည် ပျံသန်းနေရင်း မြေပြင်သို့ ပြုတ်ကျမှုများရှိနေကြောင်း ပြည်နယ်၏ ကယ်ဆယ်သမားရေးသမားများက The StraitsTimes သို့ပြောသည်။
ယင်းပြည်နယ်တွင် ကျရောက်လျက်ရှိသည့် အပူရှိန်သည် ပြင်းထန်လွန်းနေသောကြောင့် ရေများခမ်းခြောက်ခြင်းကဲ့သို့ ဖြစ်ပေါ်မှုများလည်း ရှိနေသည်။
ထိုကြောင့် ငှက်များအနေနှင့်လည်း မောပန်းနွမ်းနွယ်ခြင်းများဖြစ်ပေါ်ကာ ယခုလို ပျံသန်းနေရင်း မြေပြင်ပေါ်သို့ ပြုတ်ကျခြင်း ဖြစ်ကြောင်း ပြည်နယ်ရှိ တိရစ္ဆာန်ဆရာဝန်များက မှတ်ချက်ပေးသည်။
မကြာသေးမီ နှစ်များအတွင်း အပူချိန်မြင့်မားလွန်းလာသည့်အခြေအနေကြောင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီက နိုင်ငံအတွင်း မီးဘေးအန္တရာယ် မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သေးသည်။
အပူချိန်မြင့်မားလွန်းသည့်အခြေအနေကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်ကာလအတွင်းတွင် ငှက်ပေါင်းထောင်ချီကို ကုသမှုများ ပြုလုပ်ပေးခဲ့ရသည်ဟု တိရစ္ဆာန်ဆရာဝန်များက အသိပေးခဲ့သည်။
“ဒီနှစ်ဟာ အဆိုးဆုံးတွေထဲက တစ်ခုပါ။ ကယ်တင်ဖို့ လိုအပ်နေတဲ့ ငှက်အရေအတွက် တစ်ဆယ်ရာခိုင်နှုန်းအထိ တိုးလာတာကို တွေ့မြင်ခဲ့ရပါတယ်”ဟု ဆယ်စုနှစ်တစ်ခုကျော် ငှက်များကို ကယ်ဆယ်ခဲ့သူ Manoj Bhavsar က ပြောပြသည်။
တိရစ္ဆာန်ဆရာဝန်များသည် လက်ရှိတွင် ငှက်များကို ဗီတာမင်အစုံပါသည့် ဆေးပြားများကျွေးပြီး ပါးစပ်ထဲသို့ ထိုးဆေးများသွင်းပေးနေသည်ကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ကြသည်။
ဂူဂျာရတ်ရှိ ကျန်းမာရေးအရာရှိများသည် အပူချိန်မြင့်တက်မှုကြောင့် လေဖြတ်ခြင်းနှင့် အခြားအပူနှင့်ဆက်စပ်သော ရောဂါများအတွက် အထူးပြုလုပ်ထားသည့် အဆောင်၊ လူနာဆောင်များပြုလုပ်ထားသင့်ကြောင့် အကြံပေးထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: